Main menu

Background

အောင်ပန်းချင်း အရောင်းအဝယ်အေး

Sun, 10/07/2012 - 07:11 -- Anonymous (not verified)

အောင်ပန်းမှာ ချင်းတက်အသစ်တွေ အဝင်ရှိပေမယ့် သိပ်အများကြီးတော့ မဟုတ်သေးပါဘူး။ အပင်ဝါတွေ သေတဲ့အပင် ဥတွေကဖော်ရတာဆိုတော့ အနုတွေ သာများပါတယ်။ ဒီနှစ်က မိုးများတာကြောင့် ချင်းကလည်း အပုပ်တွေ များပါတယ်။ ချင်းစိုက်ဧက က များပေမယ့် တချို့နေရာက အထွက်နည်းပြီး၊ တချို့နေရာက တော့ အထွက်နှုန်း မထိခိုက်တာကြောင့် အထွက်နှုန်းကတော့ သိပ်မနည်းလှဘူး လို့လည်း သုံးသပ်ကြပါတယ်။ လတ်တလောကတော့ ပြည်တွင်းဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် ချင်းဥမတွေသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ချင်းဥမ ကလည်းအကြီးအသေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၂၀ ကျပ် - ၁၅၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၂၅၀ ကျပ်ဈေးနဲ့ ခပ်အေးအေးသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟိုပုံးချင်းမှာတော့ ချင်းသစ်တွေ သီတင်းကျွတ်ပြီးလောက်မှသာ အဝင်ရှိတော့ မယ်လို့ ဒေသခံကုန်သည် တွေထံကသိရပါတယ်။ ချင်း(စို)တွေ လက်ကျန်မရှိ တော့ပေမယ့် ချင်းခြောက်ကတော့ လက်ကျန်အတော်ရှိနေပြီး တစ်ပိဿာ ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ ဟိုပုံးချင်းပွဲရုံတွေက သိရပါတယ်။    ဧဧခိုင်