Main menu

Background

မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်း တင်ပို့မှု ပိုမိုလာ

Sun, 10/07/2012 - 07:12 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တို ဘာလ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၉၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၂၅၂ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် နှစ်ဆနီးပါး၊ တန်ချိန်အားဖြင့် တန် ၆၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ် လျှင် ယခင်အပတ်ကအပို့မရှိခဲ့တဲ့ သီဟိုဠ်စေ့ (အခွံမပါ)၊ ဆီးသီးခြောက်၊ မာလာဥ ခေါင်း၊ ဂုံညှင်းလုံးနဲ့ တောင်လုံးကျော် ယခုအပတ်မှာအပို့ရှိခဲ့ပါတယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ တောဂျူးမြစ်၊ ကြောင်ပန်းေ စ့၊ ကြောင်လျာစေ့နဲ့ ဆေးမြင်းခွာတို့အပို့ပိုခဲ့ပါတယ်။ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောချင်းတို့ အပို့လျော့ခဲ့ပါတယ်။ တမူး နယ်စပ်ကတော့ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၀၀၂ သန်းတန်ဖိုးရှိတဲ့ တောင်လုံးကျော်တစ်တန်သာ အသွင်းရှိခဲ့ရာ ယခင် အပတ်တင်သွင်းတဲ့ ပရဆေးကုန်ကြမ်းတန်ဖိုးထက် ကန်ဒေါ်လာသုညဒသမ ၀၂၈ သန်း လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပရဆေး ကုန်ကြမ်း ၄၉၈၄ တန်နဲ့ ဧပြီမှ စက်တင်ဘာလအထိ ၄၁၈၃၀ တန်ကျော် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။                                              MIRT(DOBT)