Main menu

Background

ရေကြောင်းလမ်းမှ တန်ချိန်တစ်ရာ့ငါးဆယ်ကျော် တင်ပို့

Sun, 10/07/2012 - 07:12 -- Anonymous (not verified)

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှစက်တင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း နနွင်း ၁၅၁ ဒသမ ၀၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပါကစ္စတန်နိုင်ငံကို တန် ၃၀၊ စင်ကာပူနိုင်ငံကို တန် ၄၀ နဲ့ မာလီနိုင်ငံကို ၈၁ ဒသမ ၀၃ တန်တင်ပို့ခဲ့တယ်လို့  သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုက တန်ရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်ခုနှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း နနွင်းတင်ပို့မှု စုစု ပေါင်းမှာ တန်ချိန် ငါးရာ့ခြောက်ဆယ် ကျော်ရှိခဲ့ပြီး သြဂုတ်လ နနွင်းတင်ပို့မှုက တန်ချိန် နှစ်ရာ့ခြောက်ဆယ်ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နနွင်း တင်ပို့မှုက တန်ချိန် သုံးရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။              MIRT (DOT)