မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ နနွင်းတက်တန် ၁၂၀ အပို့ရှိခဲ့ရာ ယခင်အပတ်ထက် ၁၁၅ တန်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ကတော့ ၉၈ တန်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်၃၈ တန်အပို့လျော့ ခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၆ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၈ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၇၇ တန်အပို့ပိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်းနယ်စပ်မှ နနွင်းတက် ၉၀၈ တန်ကျော်နဲ့ ဧပြီလမှ စက်တင်ဘာလထိ ၇၁၉၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ နနွင်းတက်ကို ပရဆေးကုန်ကြမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ MIRT(DOBT)
Background