Main menu

Background

အိန္ဒိယနနွင်း ကုန်သည်များ အရည်အသွေးကောင်း နနွင်းကိုရှာဖွေ

Sun, 10/07/2012 - 07:14 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ အီရော့နနွင်းဈေးကွက်မှာ ဝယ်လိုအား နည်းနေခြင်းနဲ့အတူ အရည်အသွေးကောင်း  နနွင်း ဝင် ရောက်မှု နည်းတဲ့အတွက် ဈေးနှုန်းထပ်မံကျဆင်းလာပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း အလယ်အလတ် အရည်အသွေး နနွင်းမျိုးသာဝင်ရောက်တာကြောင့် စပ်မျိုးနနွင်းကို ပိုနှစ်သက် တဲ့ဝယ်လက်တွေက အနည်းငယ်မျှသာ ဝယ်ယူနေကြပါ တယ်။

ကုန်သည်အချို့က အရည်အသွေးကောင်း စပ်မျိုးနနွင်း အော်ဒါရရှိထားတာကြောင့် ၎င်းင်းတို့အမှာဖြည့်ဆည်း ဖို့ ဝင်ရောက်လာတဲ့ အရည်အသွေးကောင်းက မလုံလောက်ဘူး လို့ ပြည်ပတင်ပို့သူတွေက ဆိုပါတယ်။ နနွင်း ဈေးကွက်ကို နနွင်းဝင်ရောက်မှု ထိခိုက်လာရခြင်းမှာ အမြင့်ဆုံးတရားရုံးမှ  ကာနာတာကာကို Cauvery မြစ်ရေများ၊ တစ်မီလ်နာဒူးကို ထုတ်လွှတ်ဖို့ ညွှန်ကြားခဲ့ခြင်းကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့်  Chamrajmagar မှ နနွင်းများ ဟာ အီရော့ဈေးကွက်ကို နေ့စဉ်ဝင်ရောက်ပေမယ့် ယင်း ရေ အငြင်းပွားမှု ပြဿနာဖြစ်ပြီးတဲ့နောက် အီရော့ကို သယ်ယူပို့ ဆောင်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် တမီလ်နာဒူးမှ ကာနာတာကာကို ယာဉ်များ သွားလာမှုလည်း ထိခိုက်ခဲ့လို့ ကာနာတာကာ တောင်သူတွေ ဟာ အိန္ဒိယမြောက်ပိုင်းကုန်သည်တွေကို တိုက်ရိုက်ရောင်းချ လာကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီရော့ကို နနွင်းဥဝင် ရောက်မှုမှာ တစ်နေ့ကို အိတ် ၃၀၀၀ ထိ ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်လမှာ နနွင်းလက်ချောင်းနဲ့ နနွင်းဈေးများ မြောက် ပိုင်း အဝယ်အော်ဒါမရှိလို့ ကျဆင်းခဲ့ပါတယ်။ အကယ်လို့ နနွင်းဈေးက တစ်တန် ရူပီး ၇၀၀၀၀ (ကန်ဒေါ်လာ ၁၃၅၅)အထိ မြင့်တက်ခဲ့ရင် တောင်သူ တွေ က နနွင်းရောင်းဖို့ ပိုမိုသယ်ယူလာနိုင်တယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက် ချောင်းဈေးက တစ်တန် ရူပီး ၄၀၃၀၀-၅၆၆၆၀(ကန်ဒေါ်လာ ၇၈၀-၁၀၉၇)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၈၉၆၀-၅၁၉၇၀ (ကန်ဒေါ်လာ ၇၅၄-၁၀၀၆)ဈေးရှိပါတယ်။ယမင်းခင်၊Source: busniness  line