Main menu

Background

မန်ကျည်းတန် ၅၀ ထိုင်းကို တင်ပို့

Sun, 10/07/2012 - 07:15 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း မန်ကျည်းတန် ၅၀ ကို ပင်လယ် ရေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့ခဲ့ ပါတယ်။ ယခင် သီတင်းပတ်က အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ FOB ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း မန်ကျည်းတင်ပို့မှု စုစုပေါင်းမှာ ၂၂၆ တန်ရှိခဲ့ပြီး သြဂုတ်လ မန်ကျည်းတင်ပို့မှုက တန်ချိန် ၃၆၇ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ မန်ကျည်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့လေး ဆယ်ကျော်လျော့နည်းခဲ့ရပါတယ်။          MIRT (DOT)