Main menu

Background

အီးယူသို့တင်ပို့မယ့် ပင်လယ်စာများကိုစစ်ဆေးရန် အစားအစာနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ စစ်ဆေးရေးအဖွဲ့ရောက်ရှိ

Sun, 10/07/2012 - 07:16 -- Anonymous (not verified)

ဥရောပကော်မရှင်ရဲ့ အစားအစာနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်း များ စစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပသမဂ္ဂသို့ တင် ပို့မယ့်ပင်လယ်စာများ ဘေးအန္တရာယ်ကင်းရှင်းရေး အမျိုးသား အဆင့် ကွပ်ကဲမှုပြုလုပ်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံသို့ ရောက် ရှိနေပါတယ်။ ဗီယက်နမ်ပင်လယ်စာထုတ်လုပ်သူ နဲ့ ပြည်ပတင်ပို့ သူများအသင်း (VASEA) ရဲ့ ထုတ်ပြန်ချက်အရ အီးယူကော် မရှင်အဖွဲ့ဟာ စက်တင်ဘာ ၁၁ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ ဓာတုအကြွင်းအကျန်များ ထုတ်လုပ်တဲ့အစားအစာများ တိရစ္ဆာန် အရှင်များမှာ ပါဝင်နေခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိတယ်လို့ သိရပါ တယ်။

အထူးသဖြင့် မွေးမြူသောနေရာ၊ ကုန်ကြမ်းထုတ်လုပ်သည့် နေရာ၊ တိရစ္ဆာန်ထွက်နဲ့ အစားအစာများ ထုတ်လုပ်တဲ့စက်ရုံများကို ဦးစားပေးစစ်ဆေးခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ ဗီယက်နမ်နိုင်ငံ ရဲ့ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ကြောင်း VASEA က ပြောပါ တယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ဥရောပသမဂ္ဂ သို့ လစဉ် ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်သာတင်ပို့နိုင်ပြီး ယခင်နှစ်နဲ့နှိုင်းယှဉ်လျှင် ၁၀ မှ ၁၂ ရာခိုင်နှုန်းခန့်ထိ လျော့နည်း ခဲ့တယ်လို့ သိရပါတယ်။    Source: VOV News, CMK