Main menu

Background

၂၉-၉-၂၀၁၂ မှ ၅-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

Sun, 10/07/2012 - 07:17 -- Anonymous (not verified)

ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် ခုနစ်ထောင်ကျော်သာဝင်ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း  ဒီဇယ် ၇၂၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်ခြောက်သိန်း ကျော်ဖိုးကို ကုမ္ပဏီနှစ်ခုမှ တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့  သိရပါတယ်။  ဒီတစ် ပတ်မှာတော့ ဓာတ်ဆီကို လိုင်စင်လျှောက်ထားလာခြင်း မရှိဘူးလို့ သိရပါတယ်။

စက်တင်ဘာလအတွင်း ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း လျှောက်ထားခဲ့တဲ့တန်ချိန် မှာ ၁၀၈၇၂၁ ဒသမ ၀၂ တန်ရှိခဲ့ပြီး သြဂုတ်လအတွင်း ၁၀၈၀၂၃ ဒသမ ၅၄ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ခုနစ်ရာကျော်ပိုမိုလျှောက်ထားလာ ခဲ့တာ တွေ့ရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေ ငြိမ်နေ သလို ပြင်ပဆိုင်တွေရဲ့ လက်လီအရောင်းဆိုင်တွေကလည်း အပြောင်းအလဲသိပ်မရှိ ဘူးလို့ သိရပါတယ်။ ပြင်ပဆိုင်တွေရဲ့ပီပါဈေးမှာ ဒီဇယ်ဈေးက တစ်ထောင်ဝန်းကျင် ဈေးကျနေပြီး ဓာတ်ဆီက တစ်ပီပါကို ငါးထောင်ဝန်းကျင်ဈေးနဲ့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးတွေမှာ ဓါတ်ဆီ ၃၆၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဓါတ်ဆီဈေးက တစ်ဂါလံ ၄၂၀၀ ကျပ်၊ ဒီဇယ်ဈေးက ၃၈၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်ဈေးကတစ်ရာကျပ် ဈေးမြင့်လာသလို ပြင်ပဆိုင်ရဲ့ ဒီဇယ်ဈေးကလည်း တစ်ရာကျပ်ဈေးမြင့်လာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ၃၇၅၀ ကျပ်ဖြစ်ပြီး၊ ဒီဇယ်က တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်များရဲ့ ဈေးနှုန်းတွေမှာ ဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်ပုံမှန်ရှိနေ တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ရောင်းဈေးတွေငြိမ်နေသလို ပြင်ပ ဆိုင်များရဲ့ လက်လီဈေးနှုန်းတွေကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၃၇၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၅၀ ကျပ်၊ အောက်တိန်းတစ်ဂါလန် ၃၈၅၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ လက်လီ ဆိုင်တွေမှာတော့ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီဈေးလည်း အနည်း ငယ်မြင့်လာသလို ဒီဇယ်ဈေးလည်းမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ ဓါတ်ဆီဈေးက တစ်ဂါလံ ၃၇၅၀ ကျပ်ဖြစ်ပြီး ဒီဇယ်ဈေးက တစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်တွေမှာ ဓာတ် ဆီတစ်ဂါလံ ၄၈၀၀ ကျပ်နဲ့ ရောင်းချပြီး ဒီဇယ်ဈေးက တစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။              MIRT(DOT)
 
နယ်စပ်မှ စက်တင်ဘာလမှာ ဓာတ်ဆီ တန် နှစ်သိန်းနီးပါး အဝင်ရှိစက်တင်ဘာ ၂၆ ရက်မှ အောက်တို ဘာ ၂ ရက်ထိကာလအတွင်းမှာ နယ် စပ်ကုန်သွယ်ရေး စခန်းများမှ ဓာတ်ဆီ ၁၁၀၂၄ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၃၂၉၇၀ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် ယခုအပတ် ဓာတ်ဆီတင်သွင်း မှုတွေကတော့ တာချီလိတ်မှ ၅၁၇၂ ဂါလန်နဲ့ ကော့သောင်းမှ ၅၈၅၂ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၁ သန်း အသီးသီးဖြစ်ပါတယ်။ နယ်စပ်အလိုက် ယခုအပတ်ဒီဇယ်ဆီ တင်သွင်းမှုများကတော့ မြိတ်မှ ၇၃၅၀၀ ဂါလန်၊ တာချီလိတ်မှ ၃၉၈၇၃ ဂါလန်နဲ့ ကော့သောင်းမှ ၁၉၆၈၇ ဂါလန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၅၀၉ သန်း ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ နယ်စပ် စခန်းများမှ ဓာတ်ဆီ ၁၉၃၉၅၆ ဂါလန် ကျော်နဲ့ ဒီဇယ်ဆီ ၆၅၂၁၉၅ ဂါလန် ဧပြီလမှ စက်တင်ဘာလထိ ဓာတ်ဆီ ၅၉၃၅၂၉ ဂါလန်နဲ့ဒီဇယ်ဆီ ၂၄၆၄၇၉၆ ဂါလန် တင်သွင်းထားပြီး ဖြစ်ပါတယ်။                                    MIRT(DOBT)
 
၂၉-၉-၂၀၁၂ မှ  ၅-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း

တရုတ်

(ကျပ်)
(ကျပ်)

၁။  
မူဆယ်
ဂါလန်
3900
3900

၂။
လွယ်ဂျယ်
ဂါလန်
4200
4150

၃။
ချင်းရွှေဟော်
ဂါလန်
-
-

ထိုင်း

(ကျပ်)
(ကျပ်)

၁။
ကော့သောင်း
ဂါလန်
3900
3600

၂။
မြဝတီ
ဂါလန်
4000
4000

၃။
တာချီလိတ်
ဂါလန်
3808
3865

အိန္ဒိယ

(ကျပ်)
(ကျပ်)

၁။
တမူး
ဂါလန်
4500
4000

ဘင်္ဂလားဒေ့ရှ်

(ကျပ်)
(ကျပ်)

၁။
စစ်တွေ
ဂါလန်
4400
3500

၂။
မောင်တော
ဂါလန်
6000
4500