Main menu

Background

အတက်ဘက်ကို ဦးတည်လာတဲ့ မြန်မာ့ရွှေဈေးကွက်

Sun, 10/07/2012 - 07:18 -- Anonymous (not verified)

ဒီတစ်ပတ်မှာတော့ မြန်မာ့ရွှေဈေး ကွက်ဟာ အတက်ဘက်ကိုဦးတည်လာ ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက  မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျ ဖြစ်နေခဲ့တဲ့အတွက် မ တည်မငြိမ်ဖြစ်နေခဲ့ပေမယ့် အခုတစ် ပတ်မှာတော့ ပြန်လည်မြင့်တက်ခဲ့ပါ တယ်။

အမေရိကန်ဒေါ်လာ  ဈေးကျဆင်း ပြီးခိုင်မာမှု  လျော့ကျလာတာနဲ့အမျှ ကမ္ဘာ့ရွှေဈေး  မြင့်တက်လာတတ်တဲ့ အခြေအနေတွေကြောင့် ဖြစ်ရတယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေက သုံး သပ်ကြပါတယ်။မြန်မာ့ရွှေဈေးဟာလည်း  ကမ္ဘာ့ရွှေ ဈေးနဲ့ချိန်ထိုးပြီး  တန်ဖိုးတွက်ကြတာ ကြောင့် ကမ္ဘာ့ရွှေဈေးတက်လာတာနဲ့ အမျှ မြန်မာ့ရွှေဈေးဟာလည်း လိုက်လံ မြင့်တက်တယ်လို့ ဆိုပါတယ်။ယခုတစ်ပတ်မှာ ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်က ၁၇၆၆ ဒေါ် လာရှိခဲ့ပေမယ့်  နောက်တစ်နေ့မှာ ၁၇၇၇ ဒေါ်လာအထိ  မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၄ ရက်မှာ ၁၇၈၁ ဒေါ်လာ၊ အောက်တိုဘာ  ၅ ရက်မှ ၁၇၉၃ ဒေါ်လာအထိ မြင့်တက်လာခဲ့ ပါတယ်။ အဲဒီနေ့က ငွေလဲလှယ်နှုန်း ဟာ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ကို ၈၄၀ ကျပ်သာရှိခဲ့ပါတယ်။" ဒေါ်လာတန်ဖိုးဟာ  ကမ္ဘာ့နိုင်ငံ တော်တော်များများမှာကျဆင်းနေခဲ့တာ။ ဒေါ်လာတန်ဖိုး ကျဆင်းနေပြီဆိုရင် သူ က ခိုင်မာမှုမရှိတော့တဲ့သဘောကို ပြ တာ။ အမေရိကန်နိုင်ငံသုံးငွေကြေးက ခိုင်မာမှုမရှိတော့ဘူးဆိုရင် ကမ္ဘာ့ရွှေ ဈေးက တက်လာတာပဲ။ ဒါဆိုရင် မြန် မာ့ရွှေဈေးကလည်း လိုက်ပြီးတက်တော့ တာပဲ။ သူကလည်း  ကမ္ဘာ့ရွှေဈေးကို လိုက်ပြီး ချိန်ညှိထားတဲ့အတွက် ခုလို လိုက်ပြီးတက်ရတာပါ။ ပြန်ကျမယ်ဆို ရင်လည်း အနည်းငယ်ပဲ ကျလိမ့်မယ်" လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။      မယ်သီတာ