Main menu

Background

ဗီယက်နမ်နိုင်ငံက ရွှေအသွင်း၊ အထုတ်ကို ပိတ်ပင်ဖွယ်ရှိ

Sun, 10/07/2012 - 07:19 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံက ပြည်သူရော နိုင်ငံ ခြားသားများပါ ပြည်တွင်းမှ ထွက်ခွာ သည်ဖြစ်စေ၊ ပြည်တွင်းကို ဝင်ရောက် သည်ဖြစ်စေ ရွှေချောင်းနဲ့ ရွှေထည်များ သယ်ဆောင်ခြင်းကို ပိတ်ပင်လိမ့်မယ်လို့ ဗီယက်နမ် နိုင်ငံတော်ဘဏ်မှ ၎င်း ရဲ့ ဝက်ဘ်ဆိုဒ်မှာ   ဖော်ပြထားပါတယ်။ အလေးချိန် ၃၀၀ ဂရမ်ထက်ကျော်ပြီး၊ ရွှေထည် လက်ဝတ်ရတနာ သို့မဟုတ် ရွှေနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများ ဝတ် ဆင်တဲ့ ခရီးသည်များဟာ အကောက် ခွန်ဌာနမှ ကြေညာရမှာဖြစ်ပြီး၊ အခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြည်ပမှာ တရားဝင်အမြဲတမ်းနေထိုင်တဲ့ ဗီယက် နမ်လူမျိုးများအနေနဲ့ ၎င်း တို့နေထိုင်တဲ့ ဒေသပြည်နယ်အတွင်း နိုင်ငံတော် ဘဏ်ခွဲမှ ၎င်း တို့ပိုင်ဆိုင်ကြောင်း ခွင့် ပြုချက်ထုတ်ပြန်ထားရင် ရွှေတစ်ကီလို ဂရမ်အထိ သယ်ယူခွင့်ပြုမယ်လို့ သိရ ပါတယ်။ယင်းအစီအစဉ်ဟာ ပြည်တွင်းဈေး ကွက်  တည်ငြိမ်စေဖို့နဲ့ ရွေရောင်းချမှု ကွပ်ကဲရေး ခိုင်မာစေဖို့ ရည်ရွယ်ခြင်း ဖြစ် တယ်လို့ နိုင်ငံတော်ဘဏ်ရဲ့ ဥပဒေ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Vu  Ngoc  Lan   မှ ပြောကြားပါတယ်။ယမင်းခင် Source: VOU