စက်တင်ဘာလအတွင်း မြေသြဇာအဝင်များခဲ့

စက်တင်ဘာလအတွင်း မြေသြဇာအဝင်များခဲ့ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာ ကာလအတွင်း ပင် လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မြေသြဇာတင်သွင်းမှုပျောက်ခဲ့ပါတယ်။  လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း တင်သွင်းခဲ့တဲ့ မြေသြဇာ တန်ချိန် ၄၉၀၅.၅၇ တန်ရှိခဲ့ပြီး သြဂုတ်လအတွင်း တင်သွင်းခဲ့တဲ့ တန်ချိန်မှာ ၁၇၃၄ ဒသမ ၀၈ တန် ရှိခဲ့တာကြောင့်  စက်တင်ဘာလမှာ ၃၁၇၁ ဒသမ ၄၉ တန် ပိုမိုတင်သွင်းဖြန့်ဖြူး နိုင်ခဲ့တယ်လို့ သိရပါတယ်။        MIRT (DOT)

 
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၀၀၀၀ ကျော် အသွင်းရှိ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလအတွင်းမှာ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၅၆၃ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၀၈၈၆ တန်ကို အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေ သြဇာတင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၆၅၄၂ တန်၊ ကော့ သောင်းမှ ၄၀၁၂ တန်၊ မြိတ်မှ တန် ၁၀၀၊ မြဝတီမှ တန် ၁၅၀ နဲ့ ရိဒ်မှ ၈၁ တန် အသီးသီးဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ကွန်ပေါင်း ၁၀း၁၀း၅၊ နိုက်တြစ်ဖော့စဖိတ်၊ ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ မိုနိုအမိုးနီးယမ်းဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၃၂၈၃ နဲ့ ဧပြီလမှ စက်တင်ဘာလကုန်ထိ ဓာတ်မြေသြဇာ ၄၁၂၈၄၅ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ပြောင်းလဲမှုမရှိ ပုံမှန်လေးပဲ ဈေးကွက်ရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ  ဓာတ်မြေသြဇာက အရောင်းအဝယ်ပြန်လိုက်လာ ပေမဲ့ ဈေးကအပြောင်းအလဲသိပ်မရှိဘူး လို့ သိရပါတယ်။ ဈေး မြင့်လာတာဆိုလို့ တီစူပါ ၄၆ ရာခိုင်နှုန်းက တစ်ထောင်ကျပ်နဲ့  တီစူပါ ၁၆ရာခိုင်နှုန်းက တစ်ထောင့် ငါးရာကျပ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရာင်းအဝယ်ဖြစ်နေတဲ့ဈေး မှာ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ် ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၄၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက  အရောင်းပါးလာတာက နှစ်ပတ်နီးပါးရှိ နေပြီလို့ပြောပါတယ်။ ဒီတစ်ပတ်မှာတော့ မြားကမ္ဘာ တရုတ်က တစ်အိတ်ကို ၄၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) တစ် ရာကျပ်၊ အောင်ကမ္ဘာနဲ့ ပိုတက်က တစ်အိတ်ကို ငါးရာကျပ်ဈေးကျလာပြီး အာမို ၁၀း၁၀း၅ နဲ့ ယူရီးယား-ပုလဲ (ရွှေ တောင်-တရုတ်) က သုံးရာကျပ်ဈေးမြင့်လာပြီး ကျန်မြေသြဇာက ဈေးမပြောင်း ဘူးလို့သိရပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြားကမ္ဘာ တရုတ် ၁၅၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၅၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၂၂၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၄၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက် ၂၄၀၀၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်က ယခင်တစ်ပတ် ထက်စာရင် အေးလာတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးကလည်း ကျလာတယ်။ ပြည်တွင်းဖြစ်မြေသြဇာတွေကလည်း စက်ရုံထုတ်ဈေးကျသလို သယ်ယူတဲ့ကားခရဲ့ ဈေးကလည်း ကျလာတာကြောင့် ဒီလိုဈေးတွေကျလာတာဖြစ်တယ် လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား (ရွှေ တောင်- တရုတ်) ၁၉၂၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၃၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၈၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၉၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၂၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၂၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၄၁၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးတွေက ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ငါးရာ ကျပ်စီလောက် ဈေးမြင့်လာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ပန်းဖူး) တစ်အိတ်ကို ၂၂၀၀၀ ကျပ်၊ (ရွှေတောင်-တရုတ်) တစ်အိတ်ကို ၂၁၅၀၀ ကျပ်နဲ့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။          MIRT (DOT)