ဒွန်း၊ မာရီဂိုး နို့ဆီအဝင်များသလို နို့စိမ်းလည်းဝင်စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်း ဒွန်းနို့ဆီ ၂၆၂ ဒသမ ၃၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၅၁၂ ဒသမ ၈၀ တန်ကိုတင်သွင်းခဲ့သလို နို့စိမ်း ၄၂၄ ဒသမ ၅၉၂ တန်ကိုလည်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီနို့စိမ်း စုစုပေါင်း တန်ချိန်က ၁၂၃၀ ဒသမ ၈၄၂ တန်၊ တန်ဖိုးအားဖြင့် ၁၂ သိန်းကျော်ဖိုးဖြစ်ပါတယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ ၈၆ ဒသမ ၃၆ တန်၊ အီရန်နိုင်ငံမှ ၇ ဒသမ ၅၉၉ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၁ ဒသမ ၅၁၂ တန်တို့ကိုတင်သွင်းခဲ့ပါတယ်။MIRT (DOT)
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အသွင်းစုံစက်တင်ဘာ ၂၆ ရက်မှ အောက်တို ဘာ ၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်း တန်ဖိုးရှိ နို့ဆီ ၆၆၆ ဒသမ ၇၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၁၁ သန်း တန်ဖိုးရှိ နို့စိမ်း ၁၀၉ တန်ကျော် အသွင်းရှိခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ် စပ်ကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၈၈ သန်းတန်ဖိုးရှိ နို့မှုန့် ၃၁ တန် အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလ အတွင်းမှာ နို့ဆီ ၈၄၁ တန်၊ နို့စိမ်း ၃၉၈ တန်နဲ့ နို့မှုန့် ၁၀၉ တန်ကျော် တင်သွင်း ထားပြီး ဧပြီလမှ စက်တင်ဘာလထိ နို့ဆီ ၂၅၈၈ တန်ခန့်၊ နို့စိမ်း ၃၀၁၈ တန် ခန့်နဲ့ နို့မှုန့် ၃၉၄ တန်ကျော် နယ်စပ်မှ တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
