Main menu

Background

စိန်၊ မောင်းတိန်းနဲ့ ဘိလပ်မြေမျိုးစုံ တန်ချိန် နှစ်သောင်းကျော်ဝင်

Sun, 10/07/2012 - 07:21 -- Anonymous (not verified)

စိန်၊ မောင်းတိန်းနဲ့ ဘိလပ်မြေမျိုးစုံ တန်ချိန် နှစ်သောင်းကျော်ဝင်ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၂၇၅၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်း ခဲ့တဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၆၁၀၀၊ စိန်ဘိလပ်မြေ တန်ချိန် ၃၄၅၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၂၀၀ တင်သွင်းခဲ့ပါတယ်။  လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ကိုးသောင်းကိုးထောင်ကျော်ရှိခဲ့ပြီး သြဂုတ်လအတွင်း တင်သွင်းမှုမှာ တန် ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန်သုံး သောင်းကိုးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။   MIRT (DOT)

 
နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု ယခင်အပတ်ထက် တန် ၈၇၀ ကျော်ပိုနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၂၆ သန်းတန်ဖိုး ရှိ ဘိလပ်မြေ ၂၈၀၃ တန်ကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်စခန်းအလိုက် ဘိလပ် မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၂၈၂ တန်၊ ကော့သောင်းမှ ၆၆၅ တန်၊ မြိတ်မှ ၄၇၅ တန်၊ မူဆယ်မှ ၄၃ တန်နဲ့ လွယ်ဂျယ်မှ ၃၃၈ တန်  အသီးသီး ဖြစ်ပါတယ်။ မူဆယ်မှာ ဘိလပ်မြေတစ်တန်ကို ၆၆၃၀၀ ကျပ်နဲ့ တာချီလိတ်မှာ ၆၃၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။ နယ်စပ်မှ စက်တင်ဘာလမှာ ဘိလပ်မြေ တန် ၁၃၂၈၃ နဲ့ ဧပြီလမှ စက်တင်ဘာလအထိ ဘိလပ်မြေ ၆၆၂၅၉ တန်ခန့်  တင်သွင်းထားပြီး ဖြစ်ပါတယ်။                 MIRT (DOBT)
ဈေးကွက်အတွင်း အရောင်းပုံမှန်လေးပဲရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ယခင်သီတင်းပတ်က ရောင်းအား တက်လာပေမဲ့ ဒီတစ်ပတ်မှာတော့ ပုံမှန်ပြန်ဖြစ်လာပြီး အပြောင်းအလဲမရှိဘဲ ငြိမ်နေတယ်လို့ ပြောပြပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတဲ့ဈေးက မြင်းခေါင်းဘိလပ်မြေ ၃၆၅၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ် ကို ၄၇၅၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၄၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဘိလပ်မြေက  အရောင်းသွက်လာပေမယ့် ဈေး ကတော့ ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ဈေးက အေသုံးလုံး ၅၄၀၀ ကျပ်၊ မြန်မာဆင် ၅၂၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) က ၅၁၀၀ကျပ်၊ ကျားခေါင်းနဲ့ မြင်းခေါင်းက ၅၂၀၀ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ငြိမ်နေတဲ့ဘိလပ်မြေဈေးက ဒီတစ်ပတ်မှာ  တစ်အိတ် ကို တစ်ရာဝန်းကျင် ဈေးကျလာပါတယ်။ ဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးက ဆင်(ထိုင်း) တစ်အိတ်ကို ၅၂၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၅၁၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ်က ပုံမှန်ဖြစ်လိုက် အေးသွားလိုက်နဲ့ ဘဲ ရောင်းဝယ်နေရတယ်လို့ ပြောပါတယ်။ ဘိလပ် မြေဈေးက ငြိမ်နေတာ တစ်လခွဲကျော် နှစ်လနီးပါးလောက် ရှိနေပြီး ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ယိုးဒယား)  တစ်အိတ်ကို ၆၇၀၀ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ၄၉၀၀ကျပ်၊ နဂါးတစ် အိတ်ကို ၅၉၀၀ ကျပ်၊ ဆင် (ထိုင်း)တစ်အိတ်ကို ၆၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေကအရောင်းပါးလာပါတယ်။ ဒီလထဲမှာ ဘိလပ်မြေဈေးက အတက်သိပ်မရှိဘူး။ အရောင်းအဝယ်ဖြစ်ဖြစ် မဖြစ်ဖြစ် ဒီဈေးနဲ့ ပဲ ရောင်းဝယ်နေရတယ်။ အရင်လထက်စာရင် ဒီလမှာ ဈေးကတစ်အိတ်ကို ငါး ဆယ်ကျော်လောက်ဈေးချပြီး ရောင်းနေရတယ်လို့ ပြောပါတယ်။  ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင် (ထိုင်း) ၅၈၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၉၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။    MIRT (DOT)