မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၀၃ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ အခွံချွတ်အပို့မရှိခဲ့ပါဘူး။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၄ ဒသမ ၅၀၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၃၈၈ တန်ခန့်၊ နှမ်းဖြူ ၉၈၈ တန်ကျော်၊ နှမ်းညို ၁၀၇ တန်ကျော်နဲ့ နှမ်းနီ ၆ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင်တော့ ၁၅၆၇ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နှမ်းရောင်စုံ ၁၆၇၅၆ တန်တင်ပို့ထားပြီး ဧပြီလမှ စက်တင်ဘာလ အတွင်းမှာ နှမ်းရောင်စုံ ၃၃၈၄၁ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါ တယ်။ နှစ်ဘက်မြေပြင်ဈေးများကို နှိုင်းယှဉ်ကြည့်တဲ့အခါ မိမိဘက်မူဆယ်မြေပြင်ဈေးကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးသိသိသာသာပြောင်းလဲမှုမရှိပါဘူး။ ငွေလဲနှုန်းကြောင့် အနည်းငယ်မြင့်တက်နေတာဖြစ် ပါတယ်။ ငွေလဲနှုန်းကတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၄ ယွမ်နဲ့ အောက်တိုဘာ ၂ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၅ ယွမ်ဈေးပေါက် လျက်ရှိပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၀၉၄၆၁၄ ၁၀၈၈၈၂၃ ၅၇၉၁ ၀ .၅ ၁၃၀၆ ၁၃၀၂ ၄ ၀ .၃နှမ်းနက် ၁၁၈၇၆၉၉ ၁၁၈၁၄၁၅ ၆၂၈၄ ၀ .၅ ၁၄၁၇ ၁၄၁၃ ၄ ၀ .၃ MIRT (DOBT)