Main menu

Background

သုံးနှစ်နီးပါးအတွင်း မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေး အနိမ့်ဆုံးကို ကျဆင်း

Sun, 10/07/2012 - 07:27 -- Anonymous (not verified)

အမေရိကားပဲပုပ်ရိတ်သိမ်းမှု တိုးတက်နေခြင်းနဲ့အတူ ပဲပုပ်ဆီအစားထိုး စား အုန်းဆီ ပြောင်းလဲမှု ကျဆင်းခြင်းနဲ့အတူ အာရှမှ ဝယ်လိုအားနှေးကွေးတာကြောင့် အောက်တိုဘာလ ၂ ရက်နေ့မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးဟာ သုံးနှစ် နီးပါး အတွင်း အနိမ့်ဆုံးကို ကျဆင်းခြင်းနဲ့ဆက်ပြီး စားအုန်းဆီဈေးကျဆင်းခဲ့ပါတယ်။  အမေရိက ပဲပုပ်ရိတ်သိမ်းမှုကြောင့် ချီကာကို ပဲပုပ်ဈေးကလည်း သုံးလအတွင်း အနိမ့်ဆုံးကို ကျဆင်းမှုဟာ ယခုနှစ်စက စပြီး ၂၉ ရာခိုင်နှုန်းကျော်ထိ ဆင်းလာ ခဲ့ပါတယ်။

မလေးရှားအစိုးရက စားအုန်းဆီကြမ်းအတွက် အခွန်ကင်းလွတ်တဲ့ တင်ပို့ ကိုတာ ပမာဏကို တိုးမြှင့်ပေးတဲ့ တိုင် စားအုန်းဆီတင်ပို့မှုက နည်းနေတဲ့အတွက် စက်တင်ဘာလ စားအုန်းဆီသိုလှောင်လက်ကျန် မြင့်တက်မှုဟာ သြဂုတ်လမှာ ၁၀ လအတွင်းအမြင့်ဆုံးပမာဏရဲ့အထက်ကိုရောက်ရှိမှာ သေချာနေတယ်လို့ ဆို ပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဒီဇင်ဘာလအခြေခံစံနှုန်း စာချုပ်ဈေး ဟာ ၈ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့လို့ ၂၀၀၈ ခုနှစ်၊  ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့စဉ် တစ်တန် ရင်းဂစ် ၂၂၅၀ (ကန်ဒေါ်လာ ၇၃၇)နီးပါးဖြစ်လာပြီး၊ ၂၀၀၉ ခုနှစ်၊နိုဝင်ဘာလနောက်ပိုင်းမကြုံဘူးတဲ့ ကျဆင်းမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရိုက် တာ ဈေးကွက်လေ့လာဆန်းစစ်သူ Wong  Tao   က ပြောကြားရာမှာ စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ တစ်တန် ရင်းဂစ် ၂၅၀၀(ကန်ဒေါ်လာ ၈၂၀) ထိပြန်တက်လာနိုင် တယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ စားအုန်းဆီတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက်အနည်းငယ်ပိုပြီး၊ တန်ချိန် ၁ ဒသမ ၄ သန်းဝန်းကျင်ရှိခဲ့ပါတယ်။ မလေးရှား ဆီအုန်းစိုက်ပျိုးရေး အရာရှိများနဲ့ ကုန်သည်များက ပြောကြားရာ မှာ အောက်တိုဘာလဟာ ထုတ်လုပ်မှု အမြင့်ဆုံးလဖြစ်လို့ လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၂ ဒသမ ၅ သန်းအထိ ရောက်ရှိ နိုင်တယ်လို့ ဆိုပါတယ်။ မလေးရှားအစိုးရက ယခုနှစ်အတွက် အခွန်ကင်းလွတ်တဲ့ စားအုန်းဆီကြမ်း တင်ပို့ကိုတာကို တန်ချိန် ၃ ဒသမ ၅ သန်းခန့် ခွင့်ပြုခဲ့ပြီး၊ ယင်းကိုတာဟာ စက်တင် ဘာလမှာ အပြီးသတ်ဖွယ်ရှိတယ်လို့ မလေးရှားကုန်သည် တစ်ဦးက ဆိုပါတယ်။ ကိုတာ ပြီးဆုံးသွားရင် ကုန်သည်တွေအနေနဲ့ အကျပ်အတည်း ဖြစ်တော့မယ်၊ လက်ကျန်က တအား မြင့်တက်လာတော့မယ်လို့လည်း ၎င်း က ထပ်လောင်း ပြော ကြားပါတယ်။ ဘရင့်ရေနံစိမ်းကလည်း ရောင်းချမှု အနှောင့်အယှက် ဖြစ်နိုင်ပေ မယ့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနဲ့ လောင်စာဆီ ဝယ်လိုအား လျော့ကျဖွယ် ရှိခြင်းတို့ကြောင့် အောက်တိုဘာလ ၂ ရက်မှာ တစ်စည် ကန်ဒေါ်လာ ၁၁၂ ဝန်း ကျင်ကို လျော့ကျခဲ့ပါတယ်။ အခြားအသီးအရွက်ဆီဈေးကွက်တွေမှာ ဒီဇင်ဘာလ ပို့ရမယ့် အမေရိကား ပဲပုပ်ဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တရုတ် ဒေလီယံကုန်စည်ဒိုင်ကတော့ ပွဲတော်ရက်များကြောင့် ပိတ်ထားကြောင်း သိရပါ တယ်။                                           ယုဇန၊Source: Reuters