Main menu

Background

နှမ်းအဝင်များ မြေပဲအဆွဲနည်းလို့ ဈေးကျလာတဲ့ ပြည်ဈေးကွက်

Sun, 10/07/2012 - 07:26 -- Anonymous (not verified)

ပြည်ဈေးကွက်သို့ မိုးနှမ်းများကို မင်းတုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ မြန်အောင်ဘက်မှ တစ်နေ့ကို အိတ် ၁၀၀၀ ခန့် ဝင်ရောက်နေတာကြောင့် နှမ်းဈေးမှာ စက်တင်ဘာလနောက်ဆုံး ပတ်ကစပြီး၊ ယခုအောက်တိုဘာ လ ဆန်းအထိ တစ်အိတ်ကို ယခင်တစ်ပတ် ၈၀၀၀၀ ကျပ်ဝန်းကျင်မှ ယခု ၇၀၀၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းလာပါတယ်။ နှမ်းနီကို ပြည် ဆီစက်သမားများက အဝယ်ရှိသလို စမုံနှမ်းနက်ကို မန္တလေး ဝယ်လက်များက အဝယ်ရှိနေပေမဲ့ နှမ်း ဈေးမှာ နှမ်းအဝင်လှိုင်နေတာကြောင့် နှမ်းဈေးကျလာတာဖြစ်ပါတယ်။ မိုးနှမ်း နီ ၄၅ ပိဿာတစ်အိတ် ၇၇၀၀၀ ကျပ်၊ နှမ်းနက်ရိုးရိုး ၄၅ ပိဿာတစ်အိတ် ၉၀၀၀၀ ကျပ်နဲ့ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ် ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ် နေ့ အိတ် ၉၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ နှမ်းဆီတစ်ပိဿာ ၃၄၀၀ ကျပ် ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။

မိုးမြေပဲဆန်ကို တိုင်းအတွင်း ဖြစ်တဲ့ ဝက်ထီးကန်၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ သဲကုန်းနဲ့ တိုင်းပြင်ပဖြစ် တဲ့ မကွေး၊  အောင်လံဘက်မှ  တစ် နေ့အိတ် ၇၀၀ ခန့် ဝင်ရောက်လာပါ တယ်။ မိုးမြေပဲအဝင်မှာ ယခင်အပတ် ထက် အဝင်နည်းလာပေမယ့် အဆွဲ နည်းလို့ ဈေးကျပါတယ်။ ဆီကြိတ် မြေပဲဆန်တစ်ပိဿာ ၁၆၇၅ ကျပ်၊ လုံး ဆန်တစ်ပိဿာ ၂၀၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာ ၄၀၀၀ ကျပ်ဈေးနဲ့ ယခင်လထက် ဈေးကျလာတယ်လို့ သိရပါတယ်။      ဝေေ၀မင်း-ပြည်