ပဲခူးခရိုင်တွင် ကောက်စောစပါး စတင်ပေါ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် အတွင်း အထက်ပိုင်းကျတဲ့ မြို့နယ်များ မှာ ၂၀၁၂-၁၃ မိုးစပါးများ ရိတ်သိမ်း နေပြီဖြစ်ပါတယ်။ ညောင်လေးပင်မြို့ နယ် တော်ပသီကျေးရွာ၊ ဒေါ်စန်းကြည် စိုက်ပျိုးထားတဲ့ ဧည့်မထအုပ်စု (ဗျော့ ထွန်း) လယ် ၃ ဧကကို ရိတ်သိမ်းရာတွင် ၂၂၅ တင်းထွက်ရာ အထွက်နှုန်း ပျမ်းမျှ ၇၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ ပဲခူးခရိုင်အတွင်းရှိ ရှစ်မြို့နယ်မှာ မိုးစပါး စိုက်ဧက ၅၃၈၃၈၅ ရှိရာ ယင်းနယ် များက   အောက်တိုဘာလလယ် လောက်တွင်  စတင်ရိတ်သိမ်းနိုင်မှာ ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် လှိုင်လှိုင်  ပေါ်ထွက်မှာဖြစ်ပါတယ်။ ကောက်စော  မိုးစပါး  တင်း ၁၀၀ ကို ကွင်းဈေး ၃၃၀၀၀၀ ကျပ်ရှိတာကြောင့် ယခင်နှစ်ကောက်စောပေါ်ချိန်ကထက် ဈေးပိုရကြောင်းနဲ့ စပါးလှိုင်လှိုင်ထွက် ပါက ဝယ်လက်ရှိရင် ဈေးတက်နိုင်ပြီး ဝယ်လက်နည်းပါက ဈေးအကျဘက်ကို ရှိနိုင်ကြောင်း တောင်သူများက ပြောပါ တယ်။                TT- ပဲခူး