ဟင်္သာတခရိုင်အတွင်း မြန်အောင်မြို့နယ် ကောက်စောစပါး ဈေးကွက်ဝင်

ဟင်္သာတခရိုင်အတွင်းမှာ ၂၀၁၂-၁၃ ခုနှစ်ထွက် မိုးစပါးစိုက်ဧက ၅ ဒသမ ၂ သိန်းစိုက်ပျိုးခဲ့ပြီး ယခု အောက်တို ဘာလ ပထမပတ်မှစတင်ပြီး၊ မြန်အောင် မြို့နယ်၊ ဒေါင်းကျကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာမှာ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ ကောက်စောစပါး ၅၀ ပေါင် အစိုတင်း ၁၀၀ ကို ကွင်းဈေး ၂၇၀၀၀၀ ကျပ်၊ စက်အရောက်ဈေး ၃၀၀၀၀၀ ကျပ်၊ ကောက်စော ဆန်ဈေး တစ်အိတ်ကို ၁၂၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရှိရပါတယ်။            အေးအေးခိုင်-ဟင်္သာတ