ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်ကျလာ
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ဈေး ကွက်စဖွင့်ချိန်မှာ အိတ်စပို့ဝယ်လက်က တစ်တန်ကို ၄၈၇၀၀၀ ကျပ်နဲ့ အဝယ်ရှိရာက အောက်တိုဘာ ၃ ရက်နေ့မှာ တစ်တန်ကို ၄၈၀၀၀၀ ကျပ်သို့ဈေးပြန်ဆင်း ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့မှာတော့ တစ် တန်ကို ၄၈၆၀၀၀ ကျပ်သို့ ဈေးပြန်မြင့်တက်ပြီး အောက်တိုဘာ ၅ ရက်မှာတော့ တစ်တန်ကို ၄၉၆၀၀၀ ကျပ်အထိ ဈေးထပ်မံ မြင့်ခဲ့ ကြောင်း သိရပါတယ်။ ပဲဈေးက အနိမ့်အမြင့်နဲ့ အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့ပေမယ့် ရောင်းသူကုန်သည်များကတော့ ဈေးကွက် မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန် ၆၉၀ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း အိတ်စပို့ဝယ်လက်က တစ်ပတ်လုံးမှ တစ်ရက်ထဲသာ အဝယ်ရှိခဲ့ တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အခုပဲတွေ အိတ်စပို့အဝယ် အေးလို့ အရောင်းအဝယ်ဖြစ်မှု ပမာဏကလည်း သိသိသာသာ လျော့နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် တန်ကို ၅၆၅၀၀၀ ကျပ်နဲ့ တန် ၁၁၅ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။.
