မကွေးဈေးကွက်မှာ ကုလားပဲနဲ့ ပဲစင်းငုံနီ ဈေးအနည်းငယ်မြင့်ပြီး ပဲတီစိမ်း ဈေးကျလာ
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်လိုအားပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၄၂ ကျပ်(တစ်တန်ကို ၆၃၈၁၁၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေသော ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ အဝယ်ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၉၂၅ ကျပ်(တစ်တန် ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲတီစိမ်းကြီး ကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည် ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကအကျဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုး စုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၁၂ ကျပ်၊ နှမ်းနီတစ်ပိဿာ ၁၈၂၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၀၂၃ ကျပ်နဲ့ နှမ်းနက်(စမုံ) တစ်ပိဿာ ၂၂၈၉ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
