Main menu

Background

တောင်ကြီးဈေးကွက်မှာ ပြောင်းအဝင်လှိုင်ပေမယ့် တရုတ်အဆွဲနည်းနေ

Sun, 10/07/2012 - 08:13 -- Anonymous (not verified)

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ ဝင်ရောက်မှုအားကောင်းနေပေမယ့် တရုတ်ဘက်မှာ မုန့်စားပွဲတော် ပြီးကာစမို့ ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်လိုအားလျော့ကျနေ တယ်လို့ ဆိုပါတယ်။ အခုဈေးကွက်ထဲဝင်လာတဲ့ ပြောင်းတွေက အစိုဓါတ်မရှိတော့ဘဲ အခြောက်တွေအဝင်များလာတယ်။ ဒါပေမယ့် တရုတ်ဘက်က ဝယ်လိုအားပါးပြီး နောက်အပတ်မှ  အဝယ်ပြန် ကောင်းလာနိုင်တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၄၇၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။