Main menu

Background

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ

Mon, 10/08/2012 - 07:54 -- Anonymous (not verified)

မြန်မာ၊ ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ ကုန်သည်လုပ်ငန်းရှင်များနဲ့ ထိုင်း နိုင်ငံ ချင်းမိုင်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို  စက်တင်ဘာ ၂၆ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟုတ်ကြန့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည် နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ ပြည်နယ်မန်နေဂျာ နဲ့အရာထမ်းများ၊   ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့ ကုန်သည်လုပ်ငန်းရှင် ၃၂ ဦး တက် ရောက်ခဲ့ပြီး၊ ချင်းမိုင်စီးပွားရေးလုပ်ငန်း ရှင်အဖွဲ့မှ ရန်ကုန်အခြေစိုက်ထိုင်းသံရုံး စီးပွားရေးဌာန၊ စီးပွားရေးကောင်စစ် ဝန်ဦးစီးပြီး စီးပွားရေးလုပ်ငန်းရှင် ၄၈ ဦးတက်ရောက်ခဲ့ကာ  ဆေးနှင့်ဆေး ပစ္စည်း တင်သွင်းမှု၊ မော်တော်ယာဉ်တင် သွင်းမှု၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အိမ်သုတ်ဆေးတင်သွင်းမှု၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းများ ဆောင် ရွက်လိုမှု၊ ရှမ်းပြည်နယ်ထွက် လယ်ယာ ထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းဝယ် မှုနဲ့  ရှမ်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မယ့် စီးပွားရေးလုပ်ငန်း အခြေအနေများကို   နှစ်နိုင်ငံတက် ရောက်လာသူကိုယ်စားလှယ် စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစား အစုအဖွဲ့အလိုက်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။မင်းအောင်-တောင်ကြီး