Main menu

Background

ဟင်္သာတခရိုင်ရုံးတွင် စပါး၊ ဆန်ပဲအရည်အသွေးသတ်မှတ်ချက်(မူကြမ်း)ဆွေးနွေးပွဲကျင်းပ

Mon, 10/08/2012 - 07:55 -- Anonymous (not verified)

ဟင်္သာတခရိုင် လယ်ယာထွက်ကုန်ရုံးမှာ စက်တင်ဘာ လ ၂၈ ရက်က ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ ဆန် စက်ပိုင်ရှင်များ၊ ဆန်ပဲကုန်သည်များနဲ့ ကုန်စည်ဒိုင် အဖွဲ့ဝင် များ၊ မြို့နယ်တာဝန်ခံများ၊ စုစုပေါင်း ၂၀ ဦးသည် စပါး၊ ဆန်၊ ပဲအရည်အသွေး သတ်မှတ်ချက် (မူကြမ်း) ဆွေးနွေးပွဲကို တက်ရောက်ကြကြောင်း သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ဟင်္သာတခရိုင် တာဝန်ခံမန်နေဂျာမှ ဆန်၊ ပဲအရည်အသွေး သတ်မှတ်ချက်(မူကြမ်း)ကို ချပြပြီး၊ တက်ရောက်လာသူ ဆန်စက်ပိုင်ရှင်များ၊ ဆန်၊ ပဲကုန်သည် နဲ့ ကုန်စည်ဒိုင်အဖွဲ့ဝင် များသည် မိမိဒေသမှ ထွက်ရှိတဲ့ စပါး၊ ဆန်၊ ပဲမျိုးစုံရဲ့ အရည် အသွေးသတ်မှတ်ချက်များအား အပြန်အလှန်ဆွေးနွေးကြ ကြောင်း သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ