Main menu

Background

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်းသင်တန်း မုံရွာမှာ ဖွင့်လှစ်မည်

Mon, 10/08/2012 - 07:54 -- Anonymous (not verified)

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို သွက်လက်မြန်ဆန်စေရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ အခြေခံ လုပ်ထုံးလုပ်နည်းသင်တန်းများကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှကြီးမှူးပြီး၊ တိုင်းဒေသကြီး နဲ့ ပြည်နယ် အသီးသီးမှာ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုဥပဒေများနဲ့ လုပ်ထုံးလုပ်နည်းများ၊ ကော်မရှင်မှ ထုတ်ပြန်တဲ့အမိန့်ကြော်ငြာစာများ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရယူခြင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရယူခြင်း၊ အထူး စီးပွားရေးဇုန်ဥပဒေများ၊ ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ် စာတမ်းများ၊ ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းသုံးငွေ၊ နိုင်ငံခြားသုံးငွေ၊ ရင်းနှီးမြှုပ်နှံခွင့်ရှိတဲ့ မြေ အမျိုး အစားနဲ့ မြေငှားရမ်းကာလ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း၊ ပြည်တွင်းအခွန်၊ အကောက်ခွန် စည်းကြပ်ခြင်းဆိုင်ရာလုပ်ငန်း၊ နိုင်ငံခြားသား ပညာရှင်အလုပ်ခန့် ထားခြင်း၊ နိုင်ငံခြားသား ပညာရှင် နေထိုင်ခွင့်ကိစ္စစ တဲ့ ဘာသာရပ်များကို သက်ဆိုင်ရာ ဌာနအသီးသီးက ပို့ချသွားမှာဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းဆောင်ရွက်နေကြတဲ့ အထူးပြုကုမ္ပဏီများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စက်မှု ကုန်ထုတ် လုပ်သူများ၊ သစ်ထုတ်လုပ်၊ သတ္တုတူးဖော်လုပ်ငန်းရှင်များ၊ နိုင်ငံခြားသားတည်းခိုတဲ့ ဟိုတယ်လုပ်ငန်းရှင်များ၊ နယ်ပယ်စုံ တက်ရောက်သင့်ကြောင်း၊ သို့မှသာ လုပ်ထုံးလုပ်နည်းနဲ့မညီရင် ပြန်လုပ်ရ၍ ကြန့်ကြာမှုများ မရှိတော့ဘဲ မြန်ဆန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးနဲ့ပတ်သက်တဲ့ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း သိရှိထားခြင်းဖြင့် ပံ့ပိုးချိတ်ဆက် ပေးနိုင်မယ့် အကျိုးရှိ၍ တက်ရောက်သင့်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြား ပါတယ်။ အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ နိုဝင်ဘာလ ၅ ရက်မှ ၈ ရက်နေ့ထိ ရုံးချိန် အတွင်း ဖွင့်လှစ်ပို့ချမှာဖြစ်ပြီး၊ သင်တန်းတက်ရောက်လိုသူများ တိုင်းစီမံကိန်းရုံးကို စာရင်းပေးနိုင်ကြောင်း သိရှိရပါတယ်။ရီလင်းထွဋ် - မုံရွာ