Main menu

Background

မြောင်းမြမြို့ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းခွဲရုံး ဖွင့်လှစ်

Mon, 10/08/2012 - 07:56 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းခွဲ ရုံး ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး၊ တိုင်းစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးမှ အလုပ်အမှုဆောင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စက်သုံးဆီ တင်သွင်း ရောင်းချ၊ ဖြန့်ဖြူးရေးအလုပ်အမှုဆောင်များ တက်ရောက်ပြီး၊ မြို့နယ်အသင်းရုံးခွဲကို အောင်ဆန်းလမ်း၊ မြမာလာ ပန်းခြံဆိုင်ခန်းမှာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက် ၉ နာရီမှာ ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရပါတယ်။ ဇော်မင်း-မြောင်းမြ