Main menu

Background

မြဝတီနယ်စပ်မှ ငရုတ်သီးစိမ်းများ ထိုင်းနိုင်ငံသို့ တင်ပို

Mon, 10/08/2012 - 07:57 -- Anonymous (not verified)

မြန်မာနိုင်ငံ၏ စီးပွားရေး အလျင်အမြန် ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာစေရန် ဈေးကွက်သစ်များတိုးချဲ့ ရှာဖွေခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များထုတ်လုပ်နိုင်ရေး၊ အရည်အသွေးနှင့် အရေအတွက်ပါ တိုးတက်ကောင်းမွန်လာ စေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။  မြဝတီနယ်စပ်မှ ထိုင်း နိုင်ငံသို့လယ်ယာထွက်ကုန် တင်ပို့မှုတွင် ၂၀၁၂ စက်တင်ဘာ လ၌ ၄ ဒသမ ၄၃၄ သန်းတင်ပို့နိုင်ခဲ့ရာ ယခင်လထက်သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့ပြီး ယခုလအတွင်း အမယ်သစ်ပို့ကုန် အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးစိမ်း ၆ တန် တင်ပို့ခဲ့ရာ တန်ဖိုး ကန်ဒေါ်လာ ၂၁၀၀ ရရှိခဲ့ပါသည်။ ဆက်လက်တင်ပို့ ရန် ဆောင်ရွက်လျက် ရှိပြီး မြန်မာ့ ငရုတ်သီးစိမ်းများကို ထိုင်းနိုင်ငံမှ တစ်ဆင့် ဥရောပရှိ ဟော်လန်နိုင်ငံသို့ ဆက်လက် တင်ပို့ခြင်းဖြစ်ပြီး ငရုတ်ဆီ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုမည်ဟု တင်ပို့ခဲ့ သည့်ကုမ္ပဏီထံက သိရှိရပါသည်။ကျော်ဆန်းထွန်း (မြဝတီ)