Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန်အပို့လျော့

Mon, 10/08/2012 - 07:58 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ စက်တင်ဘာ လ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၅၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၂၇ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။  မူဆယ်နယ်စပ်မှ ယခု အပတ်မှာ ငါးရှဉ့် ၁၃၈ တန် ကျော်၊ ရေခဲရိုက်ငါး ၁၅၂ တန်ကျော်၊ ကဏန်း ၉၉ တန်ကျော်၊ ငါးခြောက် ၁၃ တန်ခွဲ၊ ငါးအသားလွှာ တန် ၂၀ ကျော်၊ ပင်လယ်မျှော့ခြောက် ၁ တန်နဲ့ ငါးစည်ဖောင်း ၂ တန်ကျော်အပို့ရှိခဲ့ပါတယ်။စက်တင် ဘာလအတွင်းမှာ တရုတ်နယ်စပ်မှရေထွက်ကုန် ၅၇၉၂ တန်နဲ့ ဧပြီလမှ စက်တင်ဘာလထိရေထွက်ကုန် ၁၄၉၇၄ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာငါးရှဉ့် ရော ကဏန်းလေလံဈေးများ မိမိဘက်မှာယခင်အပတ်ထက် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ကဏန်းဈေးကတော့ တစ်ဘက် နိုင်ငံမှာယခင်ဈေးအတိုင်းပြောင်းလဲမှုမရှိတာတွေ့ရပါတယ်-

မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု            ယခင်      ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    %ငါးရှဉ့်၉ စမအထက်           ၄၈၃၀၃၉၀    ၄၀၉၂၁၂၀    ၇၃၈၂၇၀       ၁၈    ၅၇၃၀     ၄၈၆၀      ၈၇၀        ၁၈၃ စမအထက်          ၂၄၃၆၂၇၀    ၂၀၆၇၁၁၀    ၃၆၉၁၆၀       ၁၈    ၂၈၉၀    ၂၄၅၅       ၄၃၅        ၁၈(စမ = စင်တီမီတာ)ကဏန်း၂၅၀ ဂရမ်အထက်    ၂၆၀၄၈၇၀    ၂၆၀၁၇၈၀    ၃၀၉၀        ၀ .၁၂    ၃၀၉၀    ၃၀၉၀        -          -၂၀၀-၂၅၀ ဂရမ်       ၂၄၃၆၂၇၀    ၂၄၃၃၃၈၀    ၂၈၉၀        ၀ .၁၂    ၂၈၉၀    ၂၈၉၀        -          -    ၁၅၀-၂၀၀ ဂရမ်       ၂၂၆၇၆၇၀    ၂၂၆၄၉၈၀    ၂၆၉၀        ၀ .၁၂    ၂၆၉၀    ၂၆၉၀        -          -၁၀၀-၁၅၀ ဂရမ်      ၂၁၄၁၂၂၀    ၂၃၉၁၂၈၀    ၂၅၀၀၆၀      ၁၀       ၂၅၄၀    ၂၅၄၀        -          - MIRT (DOBT)