Main menu

Background

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှရေချိုငါးနဲ့ ရေငန်ပုစွန် တန် ၁၀၀ ကျော် အပို့ရှိ

Mon, 10/08/2012 - 08:00 -- Anonymous (not verified)

စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၇ သန်းတန်ဖိုးရှိ ရေချိုငါး ၈၄ တန်နဲ့  မောင်တော နယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၁၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရေထွက်ကုန် ၅၈၆ တန်ကျော်နဲ့ ဧပြီလမှစက်တင်ဘာလကုန်ထိ ၂၄၈၈ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)