Main menu

Background

သြဂုတ်လ တိုင်ဖုန်းကြောင့် တရုတ်ပြောင်းအထွက်ကျဆင်း၊ ရောင်းချမှု ကန့်သတ်နိုင်

Mon, 10/08/2012 - 08:03 -- Anonymous (not verified)

ကမ္ဘာမှာ ပြောင်းဒုတိယအများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မှာ သြဂုတ်လအတွင်း ဖြစ်ပေါ်တဲ့ တိုင်ဖုန်းကြောင့် ပြောင်းခင်းများပျက်စီးပြီးနောက် ပြောင်းအထွက်ခန့်မှန်းတဲ့ ပမာဏ ထက် အနည်းငယ် တိုးထွက်မယ်လို့ ခန့်မှန်းခဲ့ တယ်လို့ ဘလွန်းဘတ်စစ်တမ်းအရ သိရပါတယ်။ ပြောင်းထွက် ရှိမှုဟာ ၂၀၁၁ ခုနှစ် ထက် ယခုနှစ်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမယ်လို့ သုတေသနပညာရှင် ၄ ဦးနဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှ ခန့်မှန်း ထားပါတယ်။ အဲဒီပမာဏဟာ USDA မှ ခန့်မှန်းထားတဲ့ပမာဏထက် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၁၁ မှာ ပြောင်းထုတ်လုပ်မှုတန်ချိန် ၁၆၇ သန်းရှိရာမှ ၁၇၁ သန်း ထွက် ရှိမယ်လို့ ရှန်ဟိုင်း JC Intelligence မှဆိုပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာနက တန်ချိန် သန်း ၂၀၀ ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်မှာ နှစ် ၅၀ အတွင်း မိုးခေါင်မှုဖြစ်ပြီး အီးယူမှာမိုးခေါင်တဲ့အတွက် သီးနှံပျက်စီးခဲ့လို့ ကမ္ဘာ့ပြောင်း ရောင်းချမှုကျဆင်းနေပါတယ်။ တရုတ်နိုင်ငံပြောင်းအထွက်လျော့ကျ နိုင်တာကြောင့် ၂၀၁၂-၁၃ မှာ တန်ချိန် ၄ သန်းခန့် တင်သွင်းရမယ်လို့ စစ်တမ်း အရခန့်မှန်းထားလို့ USDA ခန့်မှန်းပမာဏတန်ချိန် ၂ သန်းထက် ပိုမိုပါတယ်။ တရုတ်နိုင်ငံမှာ ပြောင်းအထွက်တိုးတဲ့တိုင် ပြောင်းရောင်းလိုအားနဲ့ ဝယ်လိုအား က ဆက်ပြီးနည်းမယ်လို့ ရှန်ဟိုင်း JC ဥက္ကဌ  Li Qiang မှ ပြောကြားပါတယ်။ ပြည်တွင်းဝယ်လိုအားမြင့်တက်နေပြီး တောင်အမေရိက ပြောင်းရောင်းချမှု တိုးတဲ့ အတွက် လာမယ့်နှစ်မှာ ပြည်တွင်းနဲ့ကမ္ဘာ့ဈေးကွက်အကြား ဈေးနှုန်းကွာဟမှု ကျဉ်း မြောင်းနိုင်လို့ ပိုမိုတင်သွင်းဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။ အမေရိက က တင်သွင်းတဲ့ ပြောင်းဈေးက တစ်တန် ယွမ် ၂၆၈၂ (ကန်ဒေါ်လာ  ၄၂၄) ရှိပြီး၊ စက်တင်ဘာလ ၂၈ ရက် ပြည်တွင်းရောင်းဈေးက ယွမ် ၂၅၅၅ (ကန်ဒေါ်လာ ၄၀၄) ရှိတယ်လို့ဆိုပါတယ်။ နိုင်ငံအတွင်း ပြောင်းအထွက်နည်းခြင်းကြောင့် အစိုးရက သိုလှောင်ထားတဲ့ပြောင်းနဲ့ တိရစ္ဆာန်အစာဂျုံတွေ ရောင်းချဖို့ဖြစ်လာနိုင်ပြီး ၎င်း ရဲ့အရန်သိုလှောင်မှုဖြည့်ဆည်းဖို့ တင်သွင်းမှုလိုအပ်ချက် လည်း မြင့်တက်မယ်လို့ ဆိုပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များဖြစ်တဲ့ ကျီလင်၊ လျောင်နင်းနဲ့ဟေးလုံကျန်း နဲ့ မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်တွေမှာ တိုင်ဖုန်းကြောင့် ဟက်တာ ၂၁၇၆၀၀ ပျက်စီးမှု ရှိခဲ့တယ်လို့ နိုင်ငံတော်သီးနှံနဲ့ ဆီသတင်းအချက်အလက် စင်တာမှဆိုပါ တယ်။ ထုတ်လုပ်မှုထက် တိုးတက်နေတဲ့ ဝယ်လိုအားက ပိုမိုနေမှာဖြစ်လို့ တရုတ် နိုင်ငံအနေနဲ့ ပြောင်းပိုတင်သွင်းဖို့ လိုအပ်နေဦးမယ်လို့လည်း ဆိုပါတယ်။ မွေးမြူရေး တစ်ခုထဲ အတွက် ပြောင်းသုံးစွဲမှုက တန်ချိန် ၁၃၉ သန်းကို ၆ ဒသမ ၁ ရာခိုင်နှုန်း တိုးနေတယ်လို့ USDA ကဆိုပါတယ်။ စားသုံးမှုတိုးတက်နေတာကတော့ သံသယ ဖြစ်စရာမရှိပါဘူး။ တင်သွင်းမှုပမာဏကဈေးနှုန်းအပေါ်မှာ မူတည်နေပါတယ်။ အကယ်လို့ နိုင်ငံတကာဈေးကျရင် အရန်သိုလှောင်ဖို့ အတွက် တရုတ်နိုင်ငံက ပြောင်းကို တင်သွင်းနေရဦးမယ်လို့ တရုတ်နိုင်ငံရှိ အမေရိကန်သီးနှံ ကောင်စီမှ ဒါရိုက်တာ Bryan Lotomar   မှ ပြောကြားပါတယ်။ယမင်းခင်၊Source: bloomberg