Main menu

Background

နှစ်ကုန်ပိုင်း၌ ရော်ဘာဈေးနှုန်းသည် တစ်တန်လျှင် ၃၈၄၃ ဒေါ်လာ ဝန်းကျင်အထိ ၁၁ ရာခိုင်နှုန်း မြင့်မားလာနိုင်သည်ဟု ခန့်မှန်းကြ

Mon, 10/08/2012 - 08:06 -- Anonymous (not verified)

အောက်တိုဘာလဆန်း ရော်ဘာဈေးနှုန်းများ စက်တင် ဘာလနှောင်းပိုင်း ရော်ဘာဈေးကွက်ထက် ပိုမိုမြင့် မားလာ တယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က တစ်တန်ကို ၃၁၃၆ ဒေါ်လာသာရှိခဲ့တဲ့ ထိုင်းရော်ဘာ  RSS-5  (မှိုင်းခံရော်ဘာ အဆင့်-၅) က အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်တန်ကို ၃၂၃၃ ဒေါ်လာအထိ ၉၇ ဒေါ်လာ ဈေးမြင့်မားလာတယ်။ မလေးရှားရော်ဘာ  SMR-20 (Standard Malaysia Rubber) ကလည်း တစ်ပတ်အတွင်း ၅၈ ဒေါ်လာဈေးမြင့် လာတယ်။

ကမ္ဘာ့ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေဖြစ် တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ရော်ဘာတင်ပို့ မှု လျှော့ချမယ့် အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး  အကောင်အထည်ေ ဖာ်ပြီ ဖြစ်တာကြောင့် ရော်ဘာေ ရာင်းလို အား အပေါ် စိုးရိမ်မှှုရှိလာပြီး ရော်ဘာဈေးနှုန်းမြင့်မားလာ ခြင်း ဖြစ်တယ်။ ၎င်း  သုံးနိုင်ငံက ရော်ဘာဈေးကျဆင်းနေမှုကို ထိန်း ချုပ်ဖို့ရော်ဘာတင်ပို့မှုတန်ချိန် စုစုပေါင်း ၃ သိန်းကို လျှော့ချ တင်ပို့သွားမှာဖြစ်တယ်။ အစီအစဉ်အရ ၂၀၁၂ ခုနှစ် စတုတ္ထ ၃ လပတ်မှာ တန်ချိန် ၁၈၀ယ၀၀၀ လျှော့ချတင်ပို့ သွားမှာ ဖြစ်ပြီး ၂၀၁၃ ပထမ ၃ လပတ်မှာ တန်ချိန် ၁၂၀ယ၀၀၀ လျှော့ချ တင်ပို့သွားမယ်လို့ နိုင်ငံတကာ ရော်ဘာ အသင်း အတွင်းရေးမှူးချုပ်  Yium Tavarolit  ကပြောကြားတယ်။ ၂၀၁၂ ခုနှစ် အတွင်း ရော်ဘာဈေးနှုန်းတွေက ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ စံချိန်တင်ဈေးနှုန်းနဲ့ ယှဉ်ရင် ၅၀ ရာခိုင်နှုန်းကျဆင်းသွားတဲ့အတွက် ၎င်း  ၃ နိုင်ငံက ရော်ဘာ ဈေးနှုန်း ပြန်လည်မြှင့်တင်ဖို့ တင်ပို့မှုကို လျှော့ချသွားရေး ဆုံးဖြတ်ကြခြင်းဖြစ်တယ်။ ဈေးကွက်သုတေသီအချို့ကတော့ ကမ္ဘာ့ရော်ဘာဈေး ကွက်ရဲ့ စံသတ်မှတ်ဈေးကွက်ဖြစ်တဲ့ တိုကျိုရော်ဘာ ကြိုပွိုင့် ဈေးကွက်မှာ နှစ်ကုန်ပိုင်းက ရော်ဘာဈေးနှုန်းက တစ်တန်ကို ၃၈၄၃ ဒေါ်လာ ဝန်းကျင်အထိ ၁၁ ရာခိုင်နှုန်း မြင့်မားလာနိုင် တယ်လို့ ခန့်မှန်းကြတယ်။Source:Bloomberg.com, rubberboard.org.inပပ