Main menu

Background

ကိုလာအချိုရည် ပုံမှန်သောက်ပါက ကိုယ်တွင်းအင်္ဂါအဆီဓာတ် တိုးနိုင်

Mon, 10/08/2012 - 08:07 -- Anonymous (not verified)

ကိုလာအချိုရည်  ပုံမှန်သောက်သူ တွေရဲ့ကိုယ်တွင်းအင်္ဂါပတ်ဝန်းကျင်မှာ အဆီပမာဏ ၂၅ ရာခိုင်နှုန်းတိုးလာပြီး အသည်းနဲ့ကြွက်သားအနီးတစ်ဝိုက်တွင် စုပုံလာသော အဆီပမာဏမှာအချိုရည် မသောက်ခင် အခြေအနေထက် နှစ်ဆ တိုးလာကြောင်း ဒိန်းမတ်နိုင်ငံ ဟား ဗပ်စ်တက္ကသိုလ်   ဆေးရုံအခြေစိုက် သုတေသီအဖွဲ့ ကဆိုပါတယ်။

အဆိုပါအဖွဲ့ရဲ့  ခြောက်လတာ လေ့လာမှုတွေအရ အချိုရည်သောက် သုံးခြင်းကို သီတင်းတစ်ပတ်အတွင်းမှာ သံဘူး သုံးဘူး(တစ်လီတာနီးပါး)ထက် မပိုသင့်ဘူးလို့သိရပါတယ်။ ကိုယ်တွင်း အင်္ဂါပတ်ဝန်းကျင်မှာ ဖုံးလာတဲ့အဆီကို Ectipic fat  လို့ခေါ်ကြောင်း၊အဲဒီအဆီ ဟာအရေပြားအောက်မှာ စုမိတဲ့အဆီ ထက်ပိုပြီးကျန်းမာရေးဆိုင်ရာ အန္တ ရာယ်ရှိကြောင်း၊ Ectipic fat  က ခန္ဓာ ကိုယ်ထဲရောက်လာတဲ့  အစားအစာ တွေက စွမ်းအင်ထုတ်ယူမှု စွမ်းရည်ကို လျော့ကျစေတဲ့အတွက် Metabolic   syndron ဆိုတဲ့ကျန်းမာရေး ချို့ယွင်း မှုလက္ခဏာတွေဖြစ်မဲ့ အလားအလာ တိုးလာကြောင်း၊  အဆိုပါ ချို့ယွင်းမှု ကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါအန္တရာယ်  တိုးလာစေ ကြောင်း၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ် ငန်းဆောင်ရွက်မှုကို   ထိခိုက်စေနိုင် ကြောင်း လေ့လာမှုတွေအရ သိရတယ် လို့ သုတေသီတွေက ပြောပါတယ်။ဒါ့အပြင် ဒိန်းမတ်နိုင်ငံအပါအဝင် ဥရောပဒေသတွေမှာထုတ်လုပ်တဲ့အချို ရည်တွေမှာသုံးတဲ့  Sucrose အချို ဓာတ်နဲ့ သစ်သီးတွေကရတဲ့အချိုဓာတ် High Fructose Corn Syrup   နှိုင်းယှဉ်ရင်သစ်သီးတွေကရတဲ့ Fructose သကြားဓာတ်ကအသည်းတစ်ဝိုက် မှာ အဆီပိုမိုစုစေတယ်လို့ သိရပါတယ်။