ပါရာစီတမောလ်ဆေးများက ပန်းနာရောဂါသမားများကို ရောဂါဆိုးစေ

ပန်းနာရောဂါခံစားနေရတဲ့ ကလေးတွေနဲ့ လူကြီးတွေမှာ ပါရာစီတမောလ်က အခြေအနေကိုပိုမိုဆိုးစေပြီး ရောဂါ လက္ခဏာအသစ်တွေပင် ဖြစ်လာနိုင်တယ်လို့ အထွေထွေရောဂါကုအထူးကုဆရာဝန်ကြီးကဆိုသည်။ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိ ကလေး ငယ် (၅၂၀၀၀၀) ပါဝင်တဲ့လေ့လာမှုအရ အသက်ခြောက်နှစ်မှ ခုနစ်နှစ်အရွယ်ကလေးတွေမှာ ပါရာစီတမောလ်နဲ့ ပတ်သက်တဲ့ဆေးဝါးတွေကိုတစ်နှစ်အတွင်း အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) တစ်လလျှင် နှစ်ကြိမ်ထက်နည်းပြီး သောက် သုံးသူကလေးတွေမှာ ပန်းနာရောဂါဖြစ်မှုအန္တရာယ် ၆၀ ရာခိုင်နှုန်းအထိမြင့်မားကြောင်း သိရပါတယ်။ အနည်းဆုံး တစ်လ တစ်ကြိမ် အဲဒီဆေးတွေကို သောက်သူတွေမှာ သုံးဆကျော်တိုးပြီး အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

အသက်(၁၃) နှစ်နဲ့ (၁၄) နှစ်အရွယ် ကလေးများကို ပြုလုပ်တဲ့နောက်ထပ်လေ့လာမှုတစ်ခုအရ acetaminophen   ဆေးကိုတစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်နှင့် တစ်လလျှင် တစ်ကြိမ်ထက်နည်း၍ သုံးစွဲခဲ့သူ ဆယ်ကျော်သက်တို့၏ ပန်းနာ အန္တရာယ်ဖြစ်မှုမှာ ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုဆေးကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် သုံးစွဲသူတို့မှာ ရောဂါဖြစ်ပွားမှုအန္တရာယ် နှစ်ဆကျော်တိုးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပန်းနာရောဂါခံစားနေရသူများအနေဖြင့် မိမိ သဘောဖြင့်ဆေး ဝါးများကိုမသောက်သုံးသင့်ဘဲဆရာ ဝန်ကြီးများဖြင့်ညှိနှိုင်းကာသောက်သုံးသင့်ကြောင်း ကျန်းမာရေး လေ့လာသူများက ပြောကြပါတယ်။