ဆေးလိပ်သောက်သူမိဘများ၏ ကလေးတွင် သွေးကင်ဆာဖြစ်ပွားမှုနှုန်း ပိုမိုနိုင်
ဆေးလိပ်သောက်သုံးခြင်းမရှိတဲ့ မိဘ တွေထက် ဆေးလိပ်သောက်သုံးတဲ့ မိဘ တွေလက်အောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ သွေးကင်ဆာဖြစ်ပွား မှုနှုန်း ပိုမိုနေကြောင်း ကလေးသူငယ် ဆိုင်ရာကျန်းမာရေး အဖွဲ့မှ သိရသည်။
ကလေးဘဝ သွေးကင်ဆာဖြစ်ပွား မှုဟာမိဘတွေဆေးလိပ်သောက်သုံးမှု နဲ့ဆက်စပ်နေပြီး ဖခင်တွေရဲ့ဆေး လိပ် သောက်သုံးမှုနဲ့ ကလေးများရဲ့သွေးကင် ဆာဖြစ်ပွားမှုပိုမိုဆက်နွှယ်နေတယ်လို့ တွေ့ရှိရပါတယ်။ တစ်နေကုန်စီးကရက် အလိပ် ၂၀ခန့်သောက်သုံးသူရဲ့ မိသားစု ရဲ့ကလေးတွေမှာ သွေးကင်ဆာ ဖြစ် ပွားမှု ရာခိုင်နှုန်း ပိုမိုမြင့်မားနိုင်ပြီး၊ အခြေအနေနဲ့ ဆက်စပ်လေ့လာမှုများ သိရသည်။သွေးကင်ဆာဖြစ်ပွားနေတဲ့ ကလေး တွေရဲ့ သွေးကင်ဆာဖြစ်ပွားမှုဟာ မိဘ တွေဆေးလိပ်သောက်သုံးမှုနဲ့ ဆက်သွယ် နေပြီး ဒါကြောင့် ဆေးလိပ်သောက် သုံးသူမိဘတွေရဲ့ သားသမီးတွေဟာ သွေးကင်ဆာဖြစ်ပွားဖို့ အလားအလာ များပါတယ်။ မိမိရဲ့ သားသမီးတွေ ရောဂါကင်းစေဖို့ ဆေးလိပ်သောက် ခြင်း က ရှောင်ကြဉ်သင့်တယ် လို့ သုတေ သီတွေက ဆိုပါတယ်။
