Main menu

Background

လျှပ်စစ်ကျွမ်းကျင်အခြေခံ အီလက်ထရောနစ်သင်တန်းနှင့် စတိန်းလက်စတီးဂဟေဆက် သင်တန်းအခမဲ့ဖွင့်လှစ်မည်

Mon, 10/08/2012 - 08:11 -- Anonymous (not verified)

စွမ်းအားအီလက်ထရောနစ်နှင့် သမဝါယမဝန်ကြီးဌာနအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လျှပ်စစ်ကျွမ်းကျင်နှင့် အခြေခံ အီလက်ထရောနစ်နှင့် စတိန်းလက်စတီးဂဟေ ဆက်သင်တန်းကို မန္တလေးမြို့ ရဲမွန်သင်တန်းကျောင်းတွင် အောက်တိုဘာ ၇ ရက်၌  ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို တစ်ပတ်လျင် ခြောက်ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ နှစ်လတိ တိဖြစ်သည်။ ၎င်းင်းသင်တန်းများ ပြီးဆုံးပါက ထူးချွန်သူများကို အလုပ်အကိုင် အတွက် စီးပွားရေးလုပ်ငန်းနှင့်ဆက်သွယ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုယ် ပိုင်လုပ်ငန်း ထူထောင်လိုသူများအတွက်လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည် အထိ သင်ကြားပေးကြောင်းသိရသည်။ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းများ ကို လျှပ်စစ်ကျွမ်းကျင်အဆင့် (၂)လက်မှတ်ဖြေဆိုနိုင်ရန် စီစဉ်ပေးသည်။ တက်ရောက်လိုသူများ၏ အနိမ့်ဆုံးပညာ အရည်အချင်းမှာ တက္ကသိုလ်ဝင် တန်းအဆင့်သင်ယူဖူးသူဖြစ်ရမည်ဖြစ်ပြီး အစိုးရနည်း ပညာ ကောလိပ် ကျောင်းဆင်းများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။သင်တန်းတက်ရောက်မည့်သူများအနေဖြင့်  မှတ်ပုံတင်ကြေး ကျပ် ၁၀၀၀၀ သာပေးသွင်းရမည်ဖြစ်ပြီး  ကျန်သင်တန်းကုန်ကျစရိတ်မှာ "အခမဲ့" ဖြစ်ကြောင်း သိရသည်။ စတိန်းလက်စတီး ဂဟေဆက်သင်တန်းသား ၂၀ ဦးနှင့် လျှပ်စစ်ကျွမ်းကျင်နှင့်အခြေခံအီလက်ထရောနစ် သင်တန်းသား ၄၀ ဦး ကန့်သတ်လက်ခံပါသဖြင့် စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။ အသေးစိတ်သိရှိလိုလျှင် လည်းကောင်း၊ စာရင်းပေးသွင်းလိုလျှင်လည်းကောင်း ရဲမွန်နည်းပညာသင် တန်းကျောင်းတွင် ဖုန်း-၀၂-၇၇၂၉၉၊ ၀၉၉၁၀၁၂၇၇၅ နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဌာန ဖုန်း-၀၂-၃၉၆၀၉ သို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင် ကြောင်း သိရသည်။