Main menu

Background

တရုတ်နိုင်ငံတွင် အခွန်နှင့်ဆိုင်သော ဝန်ထုပ်ဝန်ပိုးများ လျှော့ချရန် အခွန်ကောက်ခံမှုပုံစံ ပြောင်းလဲပြင်ဆင်

Mon, 10/08/2012 - 08:38 -- Anonymous (not verified)

တရုတ်နိုင်ငံမှာ အခွန်နဲ့ဆိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေလျှော့ချဖို့နဲ့ အချို့သော ကဏ္ဍမြှင့်တင်နိုင်ဖို့ ကုန်စည်ခွန် (Turnover tax)  အစား ထပ်ဆင့်တန်ဖိုးခွန် (Value added tax) ကို အစားထိုးကောက်ခံ မယ့် ပြုပြင်ပြောင်းလဲမှုတွေကို ထပ်မံပြီး အနည်းဆုံး ပြည်နယ်နှစ်ခုမှာ စတင်ပြုလုပ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ အခွန် စနစ်ကို စောင့်ကြည့်နေတဲ့ ထိပ်တန်းအဖွဲ့က အောက်တိုဘာ ၁ရက် က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ ကျန်စုပြည် နယ်နဲ့ အန်ဟွီးပြည်နယ်တို့မှာ အောက်တိုဘာ ၁ ရက်မှစပြီး အခွန် နှုန်းပုံစံအသစ်ကို နမူနာအနေနဲ့  စတင်ကျင့်သုံးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်စုပြည်နယ်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၄၀၀၀ ကိုလည်းကောင်း၊ အန်ဟွီးပြည်နယ်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၄၆၀၀၀ ကိုလည်းကောင်း  စတင်အကောင်အထည်ဖော် ဆောင် ရွက်သွားမယ်လို့ သိရတယ်။ ဒါကြောင့် ၎င်းပြည်နယ်တွေရှိ ပို့ဆောင်ရေးကဏ္ဍနဲ့ ဝန် ဆောင်မှုနယ်ပယ်ကဏ္ဍအချို့မှာ  VAT ကိုလျှောက်ထားနိုင်ကြောင်း၊ ဘေဂျင်း၊ တီအန်ကျင်းနဲ့ ရှန်ဟိုင်းတို့မှာလည်း ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း သိရတယ်။ဇူလိုင်လအတွင်းကပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံအစိုးရအဖွဲ့ နိုင်ငံ တော်ကောင်စီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၀ ခုထက်မက တဲ့ ပြည်နယ်တွေနဲ့ မြို့ကြီးတွေမှာ အခွန်ပုံစံသစ်ကို  စမ်းသပ် အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ခဲ့သည်ဟု သိရတယ်။တရုတ်နိုင်ငံမှာ ကုန်စည်ခွန်နဲ့ ထပ်ဆင့်တန်ဖိုးခွန်တို့မှာ အဓိက ကျတဲ့ အခွန်တွေဖြစ်တယ်။ ကုန်စည်ခွန် (Turnover tax) ကို စီးပွား ရေးလုပ်ငန်းတစ်ခုကို ကုန်စည်ထုတ်လုပ်စဉ်အတွင်း ကောက်ခံတဲ့ အခွန်နှုန်းဖြစ်ပြီး လုပ်ငန်းအမျိုးအစားကိုလိုက်ပြီး အခွန်နှုန်းမှာ ၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကွာခြားတယ်။ ထပ်ဆင့်တန်ဖိုးခွန် (VAT) ကို အခွန်မကောက်မီ ကုန်စည်ရဲ့ ဈေးနှုန်းနဲ့ ၎င်းင်းကုန်စည်ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်အကြား ကွာခြားချက်အပေါ်မူတည်ပြီး ဆုံး ဖြတ်ပါတယ်။                                    လှလှအောင်