Main menu

Background

ပုသိမ်မြို့မှာ AA Taxi အငှားယာဉ်များ စတင်ပြေးဆွဲမည်

Mon, 10/08/2012 - 08:39 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတမြို့များမှာ  Good Brother Co.Ltd  မှတင်သွင်းသော တရုတ်-ဂျာမနီ ဖက်စပ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းသော AA Taxi  အငှားယာဉ်များကို ဈေးကွက်အတွင်း ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။

AA Taxi  အငှားယာဉ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ အရစ်ကျဝယ်ယူသူများမှာ ပထမအရစ် ယာဉ်တန်ဖိုး ၄၀ ရာခိုင်နှုန်း၊ အတိုး ၈ ရာခိုင်နှုန်း စုစုပေါင်း ၄၈ ရာခိုင်နှုန်းပေးသွင်းရပြီး၊ ကျန်ငွေကို တစ်နှစ်အတွင်း အရစ်ကျပေးသွင်းရမှာဖြစ်ကြောင်း၊ လိုင်စင်ပါ AA Taxi အငှားယာဉ် မော်ဒယ်နိမ့်၊ ကားဘီးမှာ သံခွေပါကားတစ်စီး ကျပ်သိန်းတစ်ရာ၊ မော်ဒယ်မြင့် ကားဘီးမှာ စတီးခွေပါ၊ ရှေ့ခြမ်းအမိုးဖွင့် ပိတ်ရ ကားတစ်စီး ကျပ်သိန်းတစ်ရာ့တစ်ဆယ်ဈေးနှုန်းနဲ့ ရောင်းချပေးလျက်ရှိကြောင်း ပုသိမ်မြို့ Good Brother Co.Ltd  မှ သိရပါတယ်။            မင်းမင်းဦး-ပုသိမ်