Main menu

Background

ကျလိုက်တက်လိုက် မန္တလေး-မူဆယ် ကုန်စည်သယ်ယူစရိတ်စက

Mon, 10/08/2012 - 08:48 -- Anonymous (not verified)

စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိ ရက်သတ္တပတ်ကာလ မှာ မန္တလေး-မူဆယ် ကုန်စည်ဒိုင်သယ်ယူ ခနှုန်းထားများ တစ်ပိသာလျှင် ၆ ကျပ် ကျော် မြင့်တက်လျက်ရှိပြီး မူဆယ်-မန္တလေး ကုန်စည်သယ်ယူခနှုန်းထားမှာ ၁ ပိသာ ၁၅ ကျပ်နှုန်း ကျဆင်းလျက်ရှိပါတယ်။ အတက်ကုန်များပြီး အဆင်းကုန် နည်းတဲ့အတွက် ကျဆင်းရတာလို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလမှာတော့  မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ၃ ကျပ်ခန့် လျော့နည်း ခဲ့ပြီး သွင်းကုန်သယ်ယူစရိတ်မှာမူ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ယခုအပတ် ကုန် စည်သယ်ယူစရိတ်များကို ယခင်အပတ်နဲ့နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်-

ရေတွက်ပုံ-ကျပ်/ပိသာ ယခုအပတ်    ယခင်အပတ်    ပြောင်းလဲမှု မန္တလေး-မူဆယ် ပြောင်း၊ ဆန်     ၄၀        ၃၃                         ၇ ပဲတီစိမ်း    နှမ်း                 ၄၁       ၃၅                          ၆ ရော်ဘာ မူဆယ်-မန္တလေး မြေဆီ               ၆၈       ၈၃                        ၁၅ ဖယောင်း           ၇၀       ၈၅                        ၁၅MIRT(DOBT)