ပြည်တွင်းရှိ သားရေစိမ်လုပ်ငန်းများ အတွက် ထိခိုက်မှုမရှိပါက အိန္ဒိယမှ သားရေများကို တင်သွင်းရန် အစီအစဉ် ရှိပါကြောင်း၊ မြန်မာနိုင်ငံသားရေ လုပ် ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးအောင်နိုင် (ဆင်ခြောက်ကောင်ဖိနပ်) လုပ်ငန်းမှ ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်လကစပြီး ဈေးကွက် ထဲကို အိန္ဒိယသားရေတွေ ဝင်လာပြီ။ အိန္ဒိယသားရေက အဆင့်မြင့် တယ်၊ ရေဝိတ်ချိန်တွက်ရင် ဈေးလည်းမကွာ တော့ဘူး။ ဒီမှာက ပုဂ္ဂလိက သားရေ စက်ရုံမရှိဘူး။ သားရေစိမ်လုပ် ငန်း လောက်ပဲရှိတယ်။ မန္တလေးမှာ သား ရေစိမ်လုပ်ငန်း လုပ်တဲ့သူ ၂၀ ဝန်းကျင် လောက်ပဲရှိတယ်။ သားရေစိမ်လုပ် ငန်း က အဆင့်မြင့်ဖို့ စက်ပညာနဲ့ နည်း ပညာအကူအညီတွေ လိုအပ်ပါတယ်။ လတ်တလောမှာ တရုတ်နိုင်ငံဘက်ကို သားရေစိမ်၊ ဆားနယ်တာတွေ ပို့တာ တော့ရှိနေပါတယ်။ ပြည်တွင်းမှာက ကုန်ကြမ်းရှိပြီး၊ ကုန်ချောဖြစ်အောင် မထုတ်နိုင်တော့ နိုင်ငံခြားက သွင်းလာ တဲ့ဖိနပ်တွေကို မယှဉ်နိုင်ဘူး။ ခုနောက် ပိုင်း နိုင်ငံခြားဖြစ်တွေဝင်လာတဲ့ အတွက် ဖိနပ်လုပ်ငန်းတွေအတွက် ထိခိုက်လို့ အဆင့်မြင့်သားရေ ဖြစ်နိုင် အောင် အသင်းဖွဲ့ပြီး၊ စုပေါင်းဆောင် ရွက်သွားမယ်။ မူလအနေနဲ့ သားရေ လုပ်ငန်းက ခေတ်ကို မလိုက်နိုင်တဲ့ အပြင် နောက်ကျနေပါပြီ။ ဒါကြောင့် စုပေါင်းဆောင်ရွက်မှ အဆင်ပြေနိုင်ပါ မယ်''လို့ ၎င်းက ပြောပါတယ်။ပြည်တွင်းထုတ် (မန္တလေးလုပ်) ကျွဲစို သားရေ တစ်ပေါင်ကို ၁၈၅၀ ကျပ်- ၁၉၀၀ ကျပ်၊ နွားစိုသားရေပါး ၁၈၀၀ ကျပ်အောက်ရှိပြီး အိန္ဒိယမှဝင်လာတဲ့ သားရေမှာ ရေဝိတ်ချိန်မပါ အသားတင် ဝိတ်ချိန်နဲ့ တစ်ပေါင်ကို ၂၅၀၀ ကျပ် ဈေးရှိပြီး၊ သားရေဈေးကွက်မှာ ယခု အချိန် အရောင်းအဝယ်ကောင်းရမယ့် အချိန်ဖြစ်သော်လည်း နိုင်ငံခြားဖိနပ် များအသုံးများလာခြင်းကြောင့်အရောင်း အဝယ်အေးပြီး ဈေးအေးနေကြောင်း၊ ယခု ၄ လအတွင်း ပုံမှန်လည်ပတ်မှု အဆင့်သာရှိခြင်းကြောင့် သားရေစိမ် လုပ်ငန်းများအတွက် ထိခိုက်မှုမရှိပါက အိန္ဒိယမှ သားရေများကို တင်သွင်းရန် အသင်းသားများနဲ့ ညှိနှိုင်းပြီး ဆွေးနွေး သွားမှာဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး