Main menu

Background

ပြိုင်ဘက်ကင်းတဲ့ သစ်

Mon, 10/08/2012 - 08:52 -- Anonymous (not verified)

ကမ္ဘာဦးမှစပြီး ယနေ့ထက်တိုင်  လူသားတို့ အတွက် အသုံးဝင်  အကျိုးပြုလျက်ရှိတဲ့ သစ်ရဲ့ အကြောင်း သတင်းကောင်းများကို လေ့လာမိပါတယ်။ ယနေ့ခေတ်မှာ ကြေးနီ၊ သံ၊ သံမဏိစတဲ့ သတ္တုမျိုးစုံနဲ့ ပလတ်စတစ်၊ ဖိုင်ဘာ၊ မယ်လမင်း အစရှိတဲ့ လူသုံး အိမ်သုံးပစ္စည်းတွေကို ထုတ်လုပ်သုံးစွဲ နေကြသော် လည်း သစ်ကိုပစ်ပယ်ပြီး မရပါ။ ကမ္ဘာမြေကြီး တည် နေသရွေ့   အမြဲရရှိနိုင်မယ့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်တဲ့ သစ်တွေနဲ့ ကြီးမားရှည်လျားတဲ့ ယက်မ ကြီးတွေအဖြစ်မှ အလွန်ပါးလွှာတဲ့ စက္ကူအထိ အသုံး ပြုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သစ်ထွက်တဲ့ သစ်ပင်ကြီးမျိုး ၅၀၀ ကျော်ရှိတဲ့အနက် ကောင်းဂုဏ်တွေနဲ့ ပြည့်စုံ လျက်ရှိတဲ့ ကမ္ဘာကျော်ကျွန်းက အခြားသစ်မျိုးတွေနဲ့ ယှဉ်ရင် ဒုတိယအများဆုံး ပေါက်ရောက်လျက် ရှိပါ တယ်။ပင်လယ်ရေကြောင်းမှသစ်တွေတင်ပို့မှုကို လေ့ လာကြည့်ရင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကျွန်း သစ်လုံး/ခွဲသားတွေကို ကန်ဒေါ်လာသန်းပေါင်း သုံး ရာကျော်၊ သစ်မာလုံး/သစ်ခွဲသားတွေကို ကန်ဒေါ်လာ သန်းပေါင်း နှစ်ရာ့ရှစ်ဆယ် ခန့်၊၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှာ ကျွန်းသစ်လုံး/ခွဲသားတွေကို ကန်ဒေါ်လာ သန်းပေါင်း သုံးရာကျော်၊ သစ်မာလုံး/ခွဲသားတွေကို ကန်ဒေါ်လာသန်းပေါင်း နှစ်ရာ့ကိုးဆယ်ခန့်၊ ယခု ဘဏ္ဍာနှစ်မှာ ကျွန်းသစ်လုံး/ခွဲသား ကန်ဒေါ်လာ သန်းပေါင်း နှစ်ရာနီးပါး၊ သစ်မာလုံး/ခွဲသားများက ကန်ဒေါ်လာသန်းပေါင်း တစ်ရာကျော်ခန့် တင်ပို့ခဲ့ ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှ သစ် ဝယ်ယူတဲ့ နိုင်ငံပေါင်း ၄၀ နိုင်ငံရှိပြီး အများဆုံးဝယ် ယူတဲ့နိုင်ငံတွေမှာ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလား ဒေ့ရှ်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံတို့ ဖြစ်ပါတယ်။ယခုလက်ရှိမှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့ သစ်မာတို့လိုအဖိုးတန်သစ်တွေကိုသာ ပြည်ပကို အဓိကတင်ပို့လျက် ရှိကြောင်း တွေ့ရှိရပါတယ်။ လူသုံး နည်းတဲ့ သစ်မျိုးတွေကိုလည်း Semi-Product (သို့မဟုတ်)Finished Product တွေအဖြစ် ကောင်း မွန်စွာပြုပြင်ထုတ် လုပ်ပြီး ပြည်ပ ကို ဈေးကွက်ထိုး ဖောက်တင်ပို့နိုင်မယ် ဆိုရင် နိုင်ငံတော်အတွက် ဝင်ငွေတိုးလာမှာဖြစ်ကြောင်း သတင်းပေးရေးသား တင်ပြအပ်ပါတယ်။Source:သစ်သားဆိုင်ရာနည်းပညာ(ဝင်းချစ်)နွဲ့နွဲ့ဌေး