Main menu

Background

ဧရာဝတီတိုင်းဒေသကြီး TPIS ရုံးမှာ ရေကြည်မြို့နယ် ကြိမ်/ဝါး အိမ်တွင်း (စက်မှုလက်မှု) လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေး

Mon, 10/08/2012 - 08:53 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး TPIS ရုံးမှာ အောက်တိုဘာ ၅ ရက်က ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာနဲ့ ရေကြည်မြို့နယ် ကြိမ်/ဝါးအိမ်တွင်း (စက်မှုလက်မှု) လုပ် ငန်းအစုအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ရေကြည်မြို့နယ် ကြိမ်/ဝါးအိမ်တွင်း (စက်မှု လက်မှု) လုပ်ငန်း အတွင်းရေးမှူး ဦးမျိုးညွန့်မှ မိမိတို့ရဲ့ လုပ်ငန်းဟာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး နိုင်ငံခြားဝင်ငွေရှာဖွေ ပေးနေတဲ့ လုပ်ငန်းများဖြစ်ကြောင်း ရေကြည်မြို့နယ်အ တွင်း ကြိမ်လုပ် ငန်းရှင် ၃၅ ဦးခန့်ရှိပြီး အလုပ်ရုံ ၂၀ ခန့်ရှိကာ လုပ်သား ၃၀၀၀ ခန့် လုပ်ကိုင်လျက် တစ်လပျမ်းမျှ ကျပ်သိန်း ၃၀၀ မှ ၈၀၀ အထိ ကုန်ချော ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။  ယခုအခါ ကုန်ကြမ်းဝယ်ယူရာတွင် ဈေးနှုန်းမတည်ငြိမ်ခြင်း၊ ပြည်ပတင်ပို့သည့် ကုမ္ပဏီများကလည်း ထုတ် လုပ်သူများရဲ့ အခက်အခဲများကို ဖြေရှင်းပေးမှုနည်းပါးခြင်းတို့ကြောင့် လုပ်ငန်းများကျဆင်းလျက်ရှိပါကြောင်း၊ ကြိမ်ကုန်ကြမ်းများ ဝယ်ယူရာ တွင် လည်းကောင်း၊ တင်ပို့ရာတွင်လည်းကောင်း၊ မိမိဒေသလုပ်ငန်းရှင် များက အခွန်အခများ ပေးဆောင်နေရပါကြောင်း၊ စသည့်အခက်အခဲ များကြောင့် မြန်မာကြိမ်အချောထည်လုပ်ငန်းများ ပြည်ပသို့တိုးမြှင့်တင်ပို့ နိုင်ရန် ကြိမ်ကုန်ကြမ်း များအား မိမိတို့ကုန်ချောထုတ်လုပ်သူများမှ လွယ် ကူစွာရရှိနိုင်ရေး အချောထည်များ တင်ပို့ရာတွင်လည်း စစ်ဆေးမှုများ ဖြေလျော့ပေးရေး ဒေသတွင်းတန်ဖိုးမြင့်ထုတ်ကုန်  ကုန်ချောများ ပြုလုပ် ရောင်းချပေးနိုင်ရန် မူဝါဒချမှတ်ခြင်းများကို ဆောင်ရွက်ပေးပါရန် ဆွေး နွေးခဲ့ပါတယ်။ဧရာဝတီတိုင်းမန်နေဂျာမှ ရေကြည်မြို့နယ် ကြိမ်လုပ်ငန်းရှင်များ ရဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကြိမ်ထိုးလုပ်သား၊ ဒေသ လုပ်ငန်းရှင်၊ ကြိမ်ကုန်ကြမ်းရောင်းချသူ၊ ပြည်ပတင်ပို့သည့် ကုမ္ပဏီများ အားလုံးဖိတ်ကြားပြီး ဒေသလုပ်ငန်းရှင်များ လုပ်နိုင်ကိုင်နိုင်ပြီး မိမိဒေသ အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ကုန်အချော ထည်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုပြုလုပ် နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တင်ပြခြင်းနဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရုံးချုပ်မှတစ်ဆင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လည်း တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။      စိုးဦး-ကျုံပျော်