Main menu

Background

ဖြေလျော့ပေးမှုကြောင့် ကုန်သွယ်မှုပမာဏတိုးတက်လာသည့်ကချင်ပြည်နယ်မှ နယ်စပ်စခန်းလေးတစ်ခု

Mon, 10/08/2012 - 08:54 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေးစခန်း (လွယ်ဂျယ်) မှ ပြည်ပပို့ကုန်အနေဖြင့် ဆန်၊ ပြောင်း၊ ကြိမ်နဲ့ ဖရဲသီးတို့ကို အဓိကတင်ပို့လျက်ရှိပါတယ်။ ပြောင်း၊ ဖရဲနဲ့ကြံထွက်ရှိတဲ့ ရာသီများမှာတော့အဆိုပါထွက်ကုန်များကို လှိုင်လှိုင် တင်ပို့ခဲ့ပါတယ်။ ယခုရာသီမှာ ပြောင်းသီးနှံများ စတင်ပေါ်ပေါက်လာပြီဖြစ်ရာ လာမဲ့လများမှာ ပြောင်းတင်ပို့ မှုများပြားလာတော့မှာဖြစ်ပါတယ်။ ယခုလောလောဆယ် ကြိုင်သင်းပျံ့ကုမ္ပဏီမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ ပြောင်းတန် ၂၀၀ တင်ပို့ထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ပို့ကုန်အထိုက်အလျောက် တိုးတက်လာမှာဖြစ်ပါတယ်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဒေသထွက်ပို့ကုန်ပစ္စည်းနည်းပါးပြီး ပို့ကုန်ပစ္စည်းသယ်ယူရ တဲ့ ခရီးလမ်းကြောင်းကြမ်းတမ်းခက်ခဲမှုကြောင့် သယ်ယူစရိတ်မှာမြင့်မားလာခဲ့ရာ ပို့ကုန်တင်ပို့မှုပမာဏနည်းပါး လာရတယ်လို့ ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ လွယ်ဂျယ်စခန်းအနေဖြင့် ပို့ကုန် ကုန်သွယ်မှု ပမာဏ လျော့နည်းသွားတဲ့အတွက် ပို့ကုန်နဲ့သွင်းကုန်တို့ရဲ့ ကုန်သွယ်မှုပမာဏမှာ အချိုးကျဟန်ချက်မညီမျှဘဲ သွင်းကုန် ပမာဏများသော အနေအထားသာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းလိုအပ်ချက် နဲ့ ဒေသတွင်းသုံးစွဲမှုတို့အရ တင်သွင်းရမဲ့ကုန်ပစ္စည်းများမှာ ပို့ကုန်ပမာဏထက် အစဉ်ပိုမိုတင်သွင်းရန်လိုအပ် လျက်ရှိနေပါတယ်။ ကုန်သည် များရဲ့လိုလားချက်များအား ဖြည့်ဆည်းတဲ့အနေနဲ့ နိုင်ငံတော်မှ တရုတ်မျက်နှာစာတစ်ခုဖြစ်တဲ့ မူဆယ်စခန်းမှ Earning  များအား လွှဲပြောင်းယူခွင့် ပြုထားပြီး အထက်ပါသွင်းကုန်လိုအပ်ချက်အား အထိုက်အလျောက် ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။လွယ်ဂျယ်နယ်စပ်မှဒေသခံကုန်သည်များအနေနဲ့ ဖြေလျော့မှုများပေးခဲ့သော အကြီးအကဲ အဆင့်ဆင့် အား ကျေးဇူးတင်လျက်ရှိပြီး အကောင်အထည်ဖော်မှုအနေနဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ ကုမ္ပဏီ သုံးခုဟာ ကျပ်သန်း ၃၀၀ ကျော်တန်ဖိုးရှိ လိုင်စင် ၂၄ စောင်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ လွယ် ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ လွှဲပြောင်းသုံးစွဲနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လွှဲပြောင်း Earning  များနဲ့ အဝတ် အထည်၊ ချည်နဲ့ပိတ်စ သွင်းကုန်များတင်သွင်းမှု ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကုန်သည်များ အနေဖြင့် ၎င်း တို့ရဲ့  သွင်းကုန်လိုအပ်ချက် ပြည့်ဝမှုများကြောင့် ဝမ်းသာကျေးဇူးတင်ကြတဲ့အပြင် တစ်ဖက်က ကြည့်လျှင် ပြည်တွင်းလိုအပ်ချက်များ  ဖြည့်ဆည်းနိုင်ပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှု ပမာဏကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးမြင့်လာစေနိုင်ခဲ့တာ တွေ့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ နယ်မြေအေးချမ်းလာတာနဲ့အမျှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ပမာဏတိုးတက်လာမှာဖြစ်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခနဲ့ဝင်ငွေများ ပိုမိုရရှိလာစေတော့မှာ ဖြစ်ပါကြောင်း။                                     နကသ (လဂ)