Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 10/08/2012 - 09:02 -- Anonymous (not verified)

စင်ကာပူ ယခင် ၂၀၁၁ ခုနှစ်ကအာရှရင်း နှီးမြှုပ်နှံသူတို့ရဲ့ အိမ်ခြံမြေဈေးကွက် မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအနက်သုံး ပုံတစ်ပုံ သို့မဟုတ် ကန်ဒေါ်လာ ၇၀ ဘီလီယံက   လူချမ်းသာကြီးများ (Ultra Wealthy)ထံမှဖြစ်ကြောင်းနဲ့ အာရှမှာရှိတဲ့ လူချမ်းသာတို့ရဲ့ စုစု ပေါင်းပိုင်ဆိုင်မှု  ကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအနက်  ကန် ဒေါ်လာဘီလီယံ  ၂၅၀ မှာ အိမ်ခြံ မြေမှဖြစ်ကြောင်း  စင်ကာပူအခြေ စိုက် အတိုင်ပင်ခံလုပ်ငန်း Wealth X  က ဆိုပါတယ်။ Source:CNA

 
ဘရာဒိုပရီကရန်ဂျူ (ဆလိုဘေးနီးယား) စပိန်စတဲ့ ဒုက္ခကြုံတွေ့နေရတဲ့ နိုင်ငံတွေရဲ့ဘွန်းစာချုပ်တွေကိုဝယ်ယူ ဖို့အတွက်ဥရောပဗဟိုဘဏ်(အီးစီဘီ) အစစအသင့်ဖြစ်နေကြောင်း အီးစီဘီ ဥက္ကဌမာရီယိုဒရက်ဂီကအောက်တိုဘာ ၄ ရက်ကပြောပါတယ်။ စပိန်နိုင်ငံက ကယ်တင်ငွေတောင်းခံမှုကိစ္စကိုဒရပ် ဂီ က ပြောကြားခြင်း မရှိသော်လည်း နိုင်ငံရဲ့ ဘဏ္ဍာရေး ပြဿနာများကို ထိန်းချုပ်ရန်အတွက် စပိန်နိုင်ငံကထူး ထူးခြားခြားဆောင်ရွက်ထားပြီးဖြစ် ကြောင်းသူကပြောပါတယ်။Source:economictimes. indiatimes. comဆစ်ဒနီ ကမ္ဘာပေါ်မှာနာမည် အကြီးဆုံး ဖြစ်တဲ့ကိုကာကိုလာကနာမည်ပေါက် ထားပြီးဖြစ်တဲ့ လိုဂိုဒီဇိုင်း ပြန်လည် ပြင်ဆင်ရေးဆွဲဖို့စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ကိုကာကိုလာရဲ့ ဖဲကြိုးပါ တဲ့ ဒီဇိုင်းက ပုံနှိပ်စာသားမပါတဲ့ တိုင် အောင် ကမ္ဘာတစ်ဝန်းမှာ လူတိုင်း မှတ်မိတဲ့ဒီဇိုင်းဖြစ်ပါတယ်။ဒီဇိုင်းသစ် ကို အောင်မြင်စွာ ရေးဆွဲနိုင်သူကို ဒေါ်လာ ၅၀၀၀ ချီးမြှင့်မှာ ဖြစ်ပါ တယ်။Source:southasianews.com
တိုကျို နှစ်နိုင်ငံပိုင်နက်နယ်မြေ အငြင်း ပွားမှုကြောင့်ဝယ်လိုအားမြင့်တက်လာ မည့်လက္ခဏာမရှိတဲ့အတွက် ဂျပန်နဲ့ တရုတ်နိုင်ငံကိုဆက်သွယ်ပျံသန်းနေတဲ့ ဂျပန်အဲလိုင်း (JAL)ရဲ့ လုပ်ငန်း အချို့ ယာယီရပ်ဆိုင်းထားတာကို တိုးချဲ့ သတ်မှတ်ကြောင်း JAL က အောက်တိုဘာ ၅ ရက်က ပြောပါ တယ်။လေကြောင်းခေါက်ရေ လျှော့ ပြေးဆွဲတာကို မူလက အောက်တို ဘာ ၁၀ရက်က ၂၇ ရက်ထိ သတ် မှတ်ထားပေမဲ့ ယခုအခါ နိုဝင်ဘာ ၁၇ ရက်ထိ သတ်မှတ်ခဲ့ပါတယ်။Source:AFP