Main menu

Background

ဂျပန်နိုင်ငံရဲ့ တတိယသုံးလပတ် စားသုံးသူ ယုံကြည်မှု ပိုမိုကျဆင်းလာ

Mon, 10/08/2012 - 09:10 -- Anonymous (not verified)

ဂျပန်နိုင်ငံရဲ့ စားသုံးသူ ယုံကြည်မှု က  စက်တင်ဘာအထိ  သုံးလပတ် အတွင်း ယိုယွင်းလာခဲ့ရာ သုံးလပတ် လေးခုအတွင်း အဆိုဝါးဆုံးဖြစ်ခဲ့ ကြောင်း ဂျပန်ဗဟိုဘဏ်ကအောက်တို ဘာ ၁ ရက်ကကြေညာပါတယ်။ သုံးလ ပတ်အလိုက် စစ်တမ်းအရ ပြန့်နှံ့မှု အညွှန်းကိန်းက နှစ်အလိုက် အခြေခံ ဖြင့် တွက်ချက်ပါက ကျဆင်းမှု ရှိခဲ့ ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။

ယခင် တစ်နှစ်ကထက် သူတို့ ဝင်ငွေ ကျဆင်းလာကြောင်း ပြောကြား သူ ဦးရေက ဇွန်လစစ်တမ်းအရ ၄ ဒသမ ၉ မှတ်မြင့်တက်ပြီး ၅၀ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ယခုအချိန်မှ နှစ်ကုန်အထိ ကာလအတွင်း ဝင်ငွေ ကျဆင်းလိမ့်မည်ဟု ခန့်မှန်းသူ ဦးရေ ကလည်း ပိုမိုတက်လာပါတယ်။ ယခင်နှစ်ကထက်  စီးပွားရေး အပေါ် စားသုံးသူရဲ့ ယုံကြည်မှုက ပိုမို ဆိုးဝါးလာပြီး အညွှန်းကိန်းတွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ အနုတ် ၃၆ ဒသမ ၁ သို့ရောက်ရှိခဲ့ပါတယ်။ ဂျပန်ဗဟိုဘဏ်က စစ်တမ်းကို သြဂုတ် ၉ ရက်မှ စက်တင်ဘာ ၄ ရက် အထိ အသက် ၂၀ နဲ့ အထက်ရှိ လူပေါင်း ၄၀၀၀၀ ကိုကောက်ခံ့ခဲ့ရာ ၅၅ ရာခိုင်နှုန်း သို့မဟုတ် လူ ၂၁၉၉ ဦး က တုံ့ပြန် ဖြေကြားခဲ့သည်။Source.xinhua