Main menu

Background

စီးပွားရေးကို အထောက်အကူပေးဖို့ ဘာနန်ကီက အစိုးရကို တိုက်တွန်း

Mon, 10/08/2012 - 09:15 -- Anonymous (not verified)

အမေရိကန်စီးပွားရေးက ဆက်လက်တိုးတက်သွားမယ်လို့ ယုံကြည် ကြောင်းအမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင်ဘာနန်ကီကအောက်တိုဘာ၁ ရက်က ပြောပါတယ်။ ဒါပေမဲ့ တိုးတက်မှုနှုန်း ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက် ဖို့ အမေရိကန်လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘာနန်ကီက တိုက်တွန်းပါတယ်။

''စီးပွားရေးဆက်လက်တိုးတက်မယ်လို့ ခန့်မှန်းပါတယ်။ စီးပွားရေးဆုတ် ကပ်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး"ဟု အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာ ပိုလစ်မှာရှိတဲ့  ပရိသတ်တွေကို  ဘာနန်ကီက ပြောပါတယ်။ စီးပွားရေးက        ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းသာတိုးတက်မယ်လို့ ခန့်မှန်းထားတဲ့ အတွက် တိုးတက်မှုနှုန်းအားနည်းတယ်။ အလုပ်လက်မဲ့နှုန်းနဲ့နှိုင်းယှဉ်ရင် မြန် သင့်သလောက် မမြန်သေးဘူးလို့ ဘာနန်ကီက ပြောပါတယ်။ ပြီးတော့ အမေရိကန် ဗဟိုဘဏ်ကလုပ်နေတဲ့ စီးပွားရေးတွန်းအားပေးအစီအစဉ်တွေကို အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေ နဲ့ ကျောထောက် နောက်ခံပေးဖို့ လို တယ်လို့ သူက အင်ဒီယားနားရှိ စီးပွားရေးကလပ်အသင်းမှာ ပြောပါတယ်။ "ကျွန်တော်တို့ စီးပွားရေးဆုတ်ကပ်ဖြစ်မှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ စိုးရိမ်တာကပြည်သူတွေ လုပ်ငန်းခွင်ထဲကိုပြန်သွင်းပေးနိုင်အောင် တိုးတက်နှုန်း ရှိမလာမှာကို ပူတာပါ။ စီးပွားရေးတိုးတက်လာအောင် အချိန်ယူပြီး ကျွန်တော် တို့လုပ်စရာတွေအများကြီး ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ကို ခိုင်မာတဲ့ လမ်းကြောင်း  ပေါ်တင်ပေးရမယ်။ အခွန်စည်းမျဉ်းကိုပြုပြင်ရမယ်။ ကျွန်တော် တို့ ပညာရေးကိုတိုးတက်ကောင်း မွန်အောင်လုပ်ရမယ်။ နည်းပညာတီထွင် ဆန်းသစ်မှုတွေကို အားပေးရမယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ကို တိုးချဲ့ပေးရမယ်''လို့ သူကပြောပါတယ်။ " ပြည်ထောင်စုဘတ်ဂျက်ကို ခိုင်မာတောင့်တင်းတဲ့လမ်းကြောင်းပေါ်ကို တင်ပေးနိုင်ဖို့နည်းလမ်းရှာရပါမယ်။ ဒါပေမဲ့ ကာလတိုအတွင်းမှာ စီးပွားရေး နာလန်ထူမှုကို ထိခိုက်စေမဲ့ ရုတ်တရက်ပြောင်းလဲတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် ယခုနှစ်စတုန်းကလုပ်ဖို့ စီစဉ်ခဲ့သလိုအခွန်တွေ တစ်ဟုန်ထိုး တိုးမြှင့်ပြီးအသုံးစရိတ် လျှော့ချတာကို တွဲပြီးလုပ်ခဲ့တဲ့ ဘဏ္ဍာရေးချောက်ကမ်းပါး မျိုးကို ရှောင်ရှားဖို့လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဆောင်ရွက်ဖို့လိုပါတယ်'' လို့ ဆိုပါတယ်။ ''ဒီလိုမျိုးသာလုပ်မယ်ဆိုရင် စီးပွားရေးဆုတ်ကပ်ထဲကို တိုးဝင်သလို ဖြစ် လိမ့်မယ်လို့ လွှတ်တော်ဘတ်ဂျက်ရုံးနဲ့တခြားကျွမ်းကျင်သူတွေက ဆိုပါတယ်" လို့သူကပြောပါတယ်။              Source.AFP