Main menu

Background

ကမ္ဘာ့စီးပွားရေးမှာ အခက်အခဲ အတန်ကြာတွေ့နိုင်

Mon, 10/08/2012 - 09:24 -- Anonymous (not verified)

အထူးသဖြင့် ဥရောပကြွေးမြီ အကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးမှာ အခြေအနေ မကောင်းသေးကြောင်းနဲ့ ခက်ခဲသောအခြေအနေမျိုးမှာ အချိန်အတော်ကြာသည်ထိ ရှိနေဦးမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် အကြီးအမှူး ကောရှစ်ဘာစူးက ပြောပါတယ်။ ဘာစူးက မကြာသေးမီအချိန်ထိ အိန္ဒိယနိုင်ငံ အစိုးရရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိ ရာထူးသစ်ကို အောက်တိုဘာ ၁ ရက်က စတင်ထမ်းဆောင်ခဲ့ပါတယ်။

"အခြေအနေ မကောင်းသေးပါဘူး။ အတော်ကို ခက်ခဲတဲ့ အခြေအနေပါ။ ဒီလိုခက်ခဲတဲ့အခြေအနေက အတော်လေးကြာနေဦးမှာပါ'' လို့ကမ္ဘာ့စီးပွားနဲ့ ပတ်သက်တဲ့ သူတွေကို ဝေါစထရိဂျာနယ် နဲ့ ပြုလုပ်တဲ့ေ တွ့ဆုံ မေးမြန်း ခန်းမှာ သူကပြောပါတယ်။ သူရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွား ခဲ့တဲ့ တစ်ဆင့် အပေါင်ခံ ကြွေးမြီ အကျပ်အတည်းက ယူရိုဇုန်တည်ထောင်ခြင်းဆိုတဲ့ နောက်ထပ်ပြဿနာတစ်ခုနဲ့ သွားရောက်တွေ့ဆုံမိတယ်လို့ ဆိုပါတယ်။ "ဘယ်သူအပြစ်မှမဟုတ်ပါဘူး။ ယူရိုဇုန်ထူထောင် တာဟာ လူသားတွေရဲ့ ကြီးမားတဲ့ စမ်းသပ်ချက်ပါ။ အဆ မတန်ကြီးမားလွန်းတဲ့ စမ်းသပ်ချက်ဖြစ်တဲ့အတွက် အက် ကြောင်းတွေ ပေါ်လာတာကလည်း မဆန်းပါဘူးလို့'' ဘာဆူး က မှတ်ချက်ပေးပါတယ်။ သက်ဆိုးရှည်နေတဲ့ ဥရောပရဲ့ နိုင်ငံတော် ကြွေးမြီ အကျပ်အတည်းက ယိုင်နဲ့နေတဲ့ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေ ခဲ့ပါတယ်။ ယနေ့မှာ ကမ္ဘာ့စီးပွားရေးက တစ်ခုတည်းသော စီးပွား ရေးဖြစ်လာကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ယူရိုဇုန် တည် ထောင်မှု  စတဲ့ ပြဿနာတွေနဲ့ တစ်နှစ် တစ်နှစ်ကျော် လောက်နေရဦးမှာ ဖြစ်ကြောင်း ဒါပေမဲ့ ကမ္ဘာကြီးက ပြဿနာ ထဲက ရုန်းထွက်နိုင်မှာဖြစ်ပြီး တိုးတက်မှု ပြန်ရလာမှာ ဖြစ် ကြောင်း သူက ပြောပါတယ်။Source.economictimes.  indiatimes.com