Main menu

Background

ကုန်သွယ်မှုအတွက် အချက်အချာအဖြစ် သုဝဏ္ဏဘူမိက တည်ရှိနေဆဲဖြစ်

Mon, 10/08/2012 - 09:23 -- Anonymous (not verified)

အာဆီယံ ပေါင်းစည်းမှု အသက် ဝင်လာတာနဲ့ တစ်ပြိုင်နက် အဓိကအား ဖြင့် သွင်းကုန်-ပို့ကုန်နဲ့ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းရှင်တွေအတွက် သုဝဏ္ဏဘူမိ လေဆိပ်နားမှာရှိတဲ့ နေရာတွေကလာမဲ့ သုံးနှစ်အတွင်း ဆွဲ ဆောင်မှုကောင်းမွန်တဲ့ နေရာတွေဖြစ် လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မြေဈေးတွေ ထူးထူးခြားခြား မြင့်တက် နေတဲ့ကြားက လေဆိပ်နားမှာရှိတဲ့ နယ် မြေတွေအတွက် အလားအလာ က ကောင်းမွန်နေဆဲဖြစ်ကြောင်း ရန်းကစ် အိမ်ခြံမြေလုပ်ငန်း ကုမ္ပဏီရဲ့ဥက္ကဌ ဗစ်ဇစ်ကစ်တီယူဒွမ်က ပြောပါတယ်။

လမ်းမတန်းမှာရှိတဲ့ ခြံကြီးတွေရဲ့ ဈေးက ယခင်နှစ်က တစ်ရိုင်ကို ဘတ် ၄ သန်းရှိခဲ့ရာက လက်ရှိပေါက် ဈေးက တစ်ရိုင်ကို ဘတ် ၆ ဒသမ ၅ သန်းနဲ့ ၇ ဒသမ ၅ သန်းကြားမှာ ရှိပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်နားက နေရာ တွေမှာ အဓိက ဝယ်လက်တွေက သွင်းကုန်-ပို့ကုန်၊ ထောက်ပံ့ပို့ဆောင် ရေးနဲ့ အာမခံလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီထဲမှာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နဲ့ တရုတ်(တိုင်ပေ) က ဝယ်လက်တွေ ကလည်း အနီးပတ်ဝန်းကျင်က လူ နေ အိမ်တွေကို ရှာဖွေစုံစမ်းနေကြပါ တယ်။ ၂၀၁၅ ခုနှစ်မှာ အာရှစီးပွားရေး အသိုက်အဝန်းကို ထူထောင် မယ်ဆိုရင် ဒီနေရာတွေက ကုန်သည်တွေရဲ့ ဝယ် လိုအား မြင့်တက်လာနိုင်ကြောင်း မစ္စတာဗစ်ဇစ်က ပြောပါတယ်။ ရန်ကစ်ကုမ္ပဏီက ဒီနေရာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဝင်ရောက်ခဲ့ပြီး အိမ်ရာဆောက်လုပ် ရေးစီမံကိန်း ၂၄၃ ခုကို ဆောင်ရွက်နေ ပါတယ်။ သွင်းကုန်-ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသူေ တွရဲ့ ဝယ်လိုအားကို အရအမိဖမ်းနိုင်ဖို့အတွက် ကုမ္ပဏီက စီမံကိန်းသစ်တွေကို တိုးချဲ့ဆောင်ရွက် နေပါတယ်။ ယခုနှစ်မှာ ကုမ္ပဏီက ဘတ်ငွေ သည် သန်း ၅၀၀ အသုံးပြုပြီးအိမ်အလုံး ၁၁၀ ပါတဲ့ စီမံကိန်းကိုစတင် ဆောင် ရွက်နေကြောင်း ယခုနှစ်ကုန်မှာ ဘတ် သန်း ၁၀၀ ဖိုးလောက်ရောင်းချနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ဗစ်ဇစ် က ပြောပါတယ်။ လာမဲ့နှစ်မှာလည်း ဘန်ကောက် အရှေ့ပိုင်းမှာ ဘတ် နှစ်ဘီလီယံရှိတဲ့ စီမံကိန်းသုံးခုကို ကုမ္ပဏီက ဆောက် လုပ်ဖို့ စီစဉ်ထားပါတယ်။Source.bangkokpost.com