Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 10/08/2012 - 09:26 -- Anonymous (not verified)

ဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘွန်းစာချုပ် တွေကိုဥရောပဗဟိုဘဏ်ကဝယ် ဖို့အသင့် ဖြစ်နေပြီလို့ ကြေညာပြီးတဲ့ နောက် အောက်တိုဘာ ၅ ရက်မှာထွန်းသစ်စ အာရှဈေးကွက်တွေ က ငွေကြေးအများ စုရဲ့တန်ဖိုးတွေမြင့်တက်ခဲ့ပါတယ်။

 
နေ့အလိုက်   ကြည့်မယ်ဆိုရင် လည်း အမေရိကန်ပြည်ထောင်စုစီးပွား ရေးကအာရှဒေသရဲ့ စီးပွားရေးအလား အလာကိုတောက်ပကောင်းမွန်စေတဲ့ အတွက်အာရှငွေကြေးတွေရဲ့တန်ဖိုးက အောက်တိုဘာ ၅ ရက်မှာဒုတိယနေ့ အဖြစ်မြင့်တက်ခဲ့ပါတယ်။ အောက်တို ဘာ ၄ ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာ တွေအရ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်ရရှိမှုနှုန်းနဲ့   စက်ရုံအမှာစာ တွေတိုးတက်နေတာတွေ့ရပါတယ်။ အာရှငွေကြေးတွေရဲ့အခြေအ နေကိုထင်ဟပ်ဖေါ်ပြတဲ့ Asia Pacific Index    အညွှန်းကိန်းက တိုကျိုမှာ အောက်တိုဘာ ၅ ရက် ၁၂ နာရီ ၃၉ မိနစ်က သုည ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။
အိန္ဒိယရူပီး အိန္ဒိယအစိုးရကပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေကိုအောက်တိုဘာ ၄ ရက်ကထုတ်ဖေါ်ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာအိန္ဒိယနိုင်ငံအတွင်း သို့ မတည်ငွေတွေစီးဝင်မှုတိုးပွားလာ ပြီးရှယ်ယာဈေးကွက်လည်းခိုင်မာလာ တဲ့အတွက် အောက်တိုဘာ ၅ ရက်က ငွေလဲနှုန်းမှာ  ရူပီးတန်ဖိုးက  သုည ဒသမ ၃၃ ရူပီးနှုန်း မြင့်တက်လာ ပြီး တစ်ဒေါ်လာကို ၅၁ ဒသမ ၄၁ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ဘဏ် တွေကဒေါ်လာရောင်းအားတက်လာ ခြင်းနဲ့ယူရိုဖလှယ်ရာမှာဒေါ်လာတန် ဖိုး အားနည်းလာတဲ့အတွက်ရူပီးတန်ဖိုး ဆက်လက်မြင့်တက်လာကြောင်းဝယ် ရောင်းသမားတွေကပြောပါတယ်။ အောက်တိုဘာ ၄ ရက်ဈေးပိတ်ချိန်မှာ ရူပီးတန်ဖိုးကတစ်ဒေါ်လာကို ၅၁ ဒသမ ၇၄ ရူပီးနှုန်းရှိခဲ့တဲ့အတွက် သုည ဒသမ ၄၂ ရူပီးနှုန်း မြင့်တက်ခဲ့ပြီး ငါးလ ခွဲအတွင်းအမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။
ဂျပန်ယန်း ယခုရက်သတ္တပတ်အတွင်းမှာ ဂျပန်ဗဟိုဘဏ်ကငွေကြေးတွန်းအားပေး အစီအစဉ်ကိုဆက်လက်ဆောင်ရွက်ထား ပြီးဗဟိုဘဏ်အတိုးနှုန်းကိုလည်းမပြောင်း မလဲဘဲဆက်လက်ထားရှိပါတယ်။ ဒေါ်လာ ဖလှယ်နှုန်းက အောက် တိုဘာ ၄ ရက်မှာတစ်ဒေါ်လာကို ၇၈ ဒသမ ၇၂ ယန်းနှုန်းရှိခဲ့ပြီး စက်တင်ဘာ ၁၉ ရက် နောက်ပိုင်း အင်အားအနည်း ဆုံးဖြစ်ခဲ့ပါတယ်။ ဂျပန်ဗဟိုဘဏ်က အက်ဆက်တွေ ဝယ်ယူတဲ့ပမာဏကို ယန်း ၅၅ ထရီလီယံ (ဒေါ်လာဘီလီယံ ၇၀၀ အထိ) လည်းကောင်း ဗဟိုဘဏ် အတိုးနှုန်းကို သုည ရာခိုင်နှုန်းကနေ သုည ဒသမ ၁ ရာခိုင်နှုန်းသို့ပြောင်းလဲ ပြီးနောက်တွင်လည်းကောင်း ယန်းငွေ တန်ဖိုးသည်တစ်ဒေါ်လာကို ၇၈ ဒသမ ၄၃ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုးမှာ တစ်ယူ ရိုကို ၁၀၂ ယန်းနှုန်း ရှိခဲ့ပါတယ်။ ယူရို ဒေါ်လာဖလှယ်နှုန်းမှာအောက်တိုဘာ ၄ ရက်ကတစ်ယူရိုကို ၁ ဒသမ ၃၀၃၂ ဒေါ်လာနှုန်းမှ ၁ ဒသမ ၃၀၁၆ နှုန်းသို့ ပြန်လည်ကျဆင်းခဲ့တယ်။
မလေးရှားရင်းဂစ် မလေးရှားရင်းဂစ် တန်ဖိုးက အောက်တိုဘာ ၅ ရက်မနက်ပိုင်းဈေး ကွက်မှာ ဒေါ်လာနဲ့  ဖလှယ်တဲ့အခါ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ တက် ရတဲ့ အကြောင်းအရင်းက ပြည်တွင်း အရောင်းအဝယ်ဈေးကွက်မှာဝယ်လို အား မြင့်တက်လာတာကြောင့် ဖြစ်ပါ တယ်။ ယခုလို မြင့်တက်လာတဲ့အချိန် ကအာရှနိုင်ငံ အတော်များများရဲ့ စီးပွား ရေး ပေါ်ထွက်လာခြင်း မရှိသေးမီ ယခု ကဲ့သို့ တိုးတက်လာတာဖြစ်ပါတယ်။ ရင်းဂစ် ငွေကြေး  တန်ဖိုးက အောက်တိုဘာ ၄ ရက်ဈေးပိတ်ချိန် မှာတစ်ဒေါ်လာကို ၃ ဒသမ ၀၅၅၀ ရင်းဂစ်နှုန်းရှိနေရာမှ အောက်တိုဘာ ၅ ရက်မနက် ၉ နာရီ ၃၅ မိနစ်မှာတစ် ဒေါ်လာကို ၃ ဒသမ ၀၄၅၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားနိုင်ငံပြင်ပရှိ ရန် ပုံငွေအဖွဲ့များကဝမ်ငွေကြေးကိုအဝယ် လိုက်လာပြီးပြည်တွင်းဘဏ်အချင်း ချင်း ဝယ်ယူမှု ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ တို့က ဒေါ်လာများကို ပြန်လည်ရောင်း ချလာတဲ့အတွက်   ဝမ်ငွေကြေးက အောက်တိုဘာ ၅ ရက်မှာ  တစ်ဒေါ် လာကို ၁၁၀၉ ဒသမ ၆ ဝမ်နှုန်းသို့ ရောက်ရှိခဲ့ပါတယ်။ ပို့ကုန်လုပ်ငန်းရှင် များကလည်းငွေပေးငွေချေရှင်းလင်းရန် လိုအပ်သောတောင်ကိုရီးယားငွေကြေး များကိုဝယ်ယူလာကြတယ်။ တောင်ကိုရီးယားနိုင်ငံအတွင်း သို့ ငွေကြေး စီးဝင်မှု များပြားလာသည့် အတွက် ဝမ်ငွေကြေးတန်ဖိုးကပိုမိုတည် တံ့နေမဲ့အခြေအနေရှိပါတယ်။
ထိုင်းဘတ် နိုင်ငံခြားရန်ပုံငွေအဖွဲ့များက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ နိုင်ငံတော်ပိုင် ဘွန်းစာချုပ်ထက်  အတိုးနှုန်းများ တဲ့ တောင်ကိုရီးယားနိုင်ငံဘွန်းစာချုပ်များ ကို   ပိုမိုဝယ်ယူထိန်းသိမ်းလာကြပြီး နောက်ပိုင်း  ထိုင်းဘွန်းစာချုပ်များရဲ့ တန်ဖိုးကလေးရက်မြောက်မြင့်တက်လာ ပြီး ဘတ်ငွေတန်ဖိုးကလည်း မြင့်တက် လာခဲ့ပါတယ်။ ဘတ်ငွေကြေးရဲ့    တန်ဖိုးက အောက်တိုဘာ ၅ရက်နေ့မှာ  သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၅၇ ဘတ် နှုန်း ရောက်ရှိခဲ့ပါတယ်။ ယခုရက်ပိုင်း အတွင်းဘတ်ငွေတန်ဖိုးက တစ်ဒေါ် လာကို ၃၀ ဒသမ ၅၆ ဘတ်အထိ ရောက်ရှိပြီး မတ် ၉ ရက်နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။Source:bloomberg.com. brecorder, bernama