Main menu

Background

စီးတီးဘဏ်က ယွမ်ငွေကြေးဖြင့် ပေးချေမှုပြုလုပ်ရန် အသင့်ရှိနေ

Mon, 10/08/2012 - 09:27 -- Anonymous (not verified)

တရုတ်နိုင်ငံနဲ့ တရုတ်(တိုင်ပေ) တို့ကငွေကြေးရှင်းလင်းမှုနဲ့ ပေးချေမှု စည်းမျဉ်းဥပဒေများကို ချမှတ်ထားပြီးဖြစ်တဲ့အတွက် ယွမ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရယူဖို့  City Bank Taiwan  ကအရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ဒီငွေချေးဘဏ်ကလောလောဆယ်မှာယွမ်အခြေအနေ ပြုစာချုပ်စာတမ်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပင်လယ်ရပ်ခြားဘဏ် လုပ်ငန်း ယူနစ်  OBU  ကကော်ပိုရေးရှင်းအဖွဲ့အစည်းတွေ အတွက်သာဆောင်ရွက်ပေး နေပါတယ်။ ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ငွေကြေးအာဏာပိုင်တွေက ခွင့်ပြုတာနဲ့ တစ်ပြိုင်နက်ပြည်တွင်းဈေးကွက်မှာ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း City Bank Taiwan    ရဲ့ဥက္ကဌ ဗစ်တာကွမ် က ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးမှာ တရုတ်ငွေကြေးက တစစနေရာရလာတဲ့အတွက် ဟောင်ကောင်ပြီးရင် ဒုတိယ ပင်လယ်ရပ်ခြား ယွမ်စီးပွားရေးလုပ်ငန်းဗဟိုဌာန ဖြစ်လာနိုင်တဲ့အတွက် ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးကြီးကြပ်မှု ကော်မရှင် တို့က လိုအပ်သမျှကို ဆောင်ရွက်လျက် ရှိပါတယ်။ "ငွေကြေးလိုအပ်ချက်တွေနဲ့ ကုန်သွယ်ရေးပေးချေမှု လိုအပ်ချက်တွေအရ တရုတ်(တိုင်ပေ)က ပင်လယ်ရပ်ခြား ယွမ်ငွေကြေးဗဟိုအချက်အချာ နောက် တစ်ခုထပ်ဖြစ်လာဖို့ အလားအလာအများကြီး ရှိပါတယ်။ နောက် သုံးနှစ်ကနေ ငါးနှစ်လောက်မှာ အကောင်အထည်ဖော်လာမှာပါ" ဟု ကွမ်က ပြောပါတယ်။ ရေလက်ကြားကိုဖြတ်ကျော်ပြီး ကုန်သွယ်မှုက တစ်နှစ်ကိုအမေရိကန် ဒေါ်လာ ၃ ဒသမ ၄၁ ဘီလီယံ ဖိုးရှိပါတယ်။ လောလောဆယ်မှာ ယွမ်နဲ့ New Taiwan Dollar    တို့ရဲ့ပေးချေမှုကို ဟောင်ကောင်မှာဆောင်ရွက် ပေး နေပါတယ်။ ဟောင်ကောင်မှာ  Bank of China (Hong Kong)    က နိုင်ငံ တော်ပိုင်  Bank of Taiwan  နဲ့ Mega International Commerical Bank   တို့ရဲ့ ဟောင်ကောင်ဘဏ်ခွဲတွေအတွက် ယွမ်ငွေသားနဲ့ပေးချေမှု လုပ်ငန်းတွေ ကို ဆောင်ရွက်ပေးနေပါတယ်။              Source.taipeitimes.com