Main menu

Background

မလေးရှား Maybank က မတ်စတာကတ်သစ်ထုတ်ဝေ

Mon, 10/08/2012 - 09:28 -- Anonymous (not verified)

ဝင်ငွေတစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၂၀၀၀၀ နဲ့ အထက်ဝင်ငွေရှိတဲ့သူတွေရဲ့ ဈေးကွက်ဝေစုအများ ကြီးဖမ်းယူ နိုင်ဖို့အတွက် မလေးရှားနိုင်ငံ  Maybank  က Maybank World MasterCard    ကို ထုတ်ဝေတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်ကကြေညာပါတယ်။ ကတ်ထုတ် ဝေမှုကို ွျှသမိူ ြေျအနမဃမေိ စတင် ထုတ်ဝေတဲ့ ပထမ နှစ်နှစ်အတွင်းမှာ ကတ်အခြေစိုက်စခန်းကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားဖို့ ဘဏ်ကရည်ရွယ်ထား ပါတယ်။

"  Maybank World MasterCard  ကဈေးကွက် အတွက် Maybank  ကဆောင်ရွက်ပေးတဲ့ကတ်တွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ ကတ်ရဲ့အခြေအနေကို သတ်မှတ် ထားက ဈေးကွက်ထဲကိုထိုးဖေါက်ဝင်ရောက်ဖို့ အကောင်းဆုံး အခြေအနေလို့ ယူဆပါတယ်။ ဒီလိုဆောင်ရွက်တဲ့ စုစုပေါင်း ကတ်အသုံးချမှု လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဝင်ငွေ စင်ကာပူဒေါ်လာ ၁၂၀၀၀၀ နဲ့အထက်ရှိကြတဲ့ လက်ရှိ ကျွန်တော်တို့ရဲ့ ကတ်ကိုပိုင်ဆိုင်သူ တွေက တခြားသူတွေနဲ့ စာရင်းအချိုးအစားပိုများနေလို့ပါ" လို့ Maybank  Singapore   ရဲ့စားသုံးသူဘဏ်လုပ်ငန်း ဦးစီးမှူး အလန်လေ က ပြောပါတယ်။ ကတ်ကိုထုတ်ဝေရာမှာ အဓိကရည်မှန်းချက် ထားတာ က တစ်နှစ်ဝင်ငွေ စင်ကာပူဒေါ်လာ ၁၂၀၀၀၀ ရှိသူတွေဖြစ် ပြီး စင်ကာပူနိုင်ငံက  Shell   ဓာတ်ဆီဆိုင်တွေမှာ လျှော့ဈေး နှုန်း ၁၉ ဒသမ ၇ ရာခိုင်နှုန်းပေးပါတယ်။ စင်ကာပူနိုင်ငံ ပြည်တွင်းအခွန်အာဏာပိုင်အဖွဲ့ (IRAS)  ရဲ့ ၂၀၁၀-၂၀၁၁ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ  အရ ဝင်ငွေ တစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၀၀၀၀၀ နဲ့ အထက်ရှိသူက ၂၀၁၀ ပြည့်နှစ်မှာ ၂၁၈၂၀၀ ဝန်းကျင်ရှိ ပါတယ်။ ဒီအရေအတွက်က သုံးနှုန်းတာကာလအတွင်း တိုးတက်နှုန်း ၄၂ ရာခိုင်နှုန်းရှိခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။Source.bernama.com