Main menu

Background

နိုင်ငံခြားလုပ်သား ကန့်သတ်မှုကြောင့် စင်ကာပူ SME များကို ထိခိုက်

Mon, 10/08/2012 - 09:28 -- Anonymous (not verified)

နိုင်ငံခြားလုပ်သား စည်းကမ်း ဥပ ဒေများကို တစ်စစ တင်းကျပ်လာတဲ့အ တွက်အသေးစား နဲ့အလတ်စားစီးပွား ရေးလုပ်ငန်းတွေ (SME) ရဲ့စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်မှုရှိခဲ့ကြောင်း အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများအသင်း (SME)ကမကြာ သေးမီကပြုလုပ်ထားတဲ့စစ်တမ်းအရ သိရပါတယ်။ စင်ကာပူနိုင်ငံမှာအလုပ် သမားငှားရမ်းဖို့အခက်အခဲရှိလာတဲ့ အတွက်တချို့ကုမ္ပဏီတွေကနိုင်ငံခြား ကိုရွှေ့ပြောင်းဖို့ နည်းလမ်းရှာဖွေပြီး တချို့က နိုင်ငံခြားကိုရွှေ့ပြောင်းထားပြီ နေပြီဖြစ်ပါတယ်။

SME အဖွဲ့ဝင် ၆၀၀၀ ကို အခြေ ခံပြီး ယခုစစ်တမ်းကို ကောက်ယူခဲ့ တာဖြစ်ပါတယ်။SME  စစ်တမ်းအရ ငါးခုအနက်နှစ်ခုက ယခုလက်ရှိကျင့်သုံး နေတဲ့လူအင်အားမူဝါဒတွေကသူတို့ရဲ့ စီးပွားရေးတွေကိုထိခိုက်မှုရှိခဲ့တယ် လို့ ပြောပါတယ်။ သူတို့ လုပ်ငန်းတွေကို တခြားနေရာကိုရွှေ့ပြောင်းထားတယ် သို့မဟုတ် ရွှေ့ပြောင်းဖို့လုပ်နေ တယ် လို့ SME ၁၀ ခုအနက်သုံးခုကပြော ပါတယ်။ လုပ်ငန်းတွေရွှေ့ပြောင်းဖို့မလုပ် ရသေးတဲ့ကျန်သူတွေက စင်ကာပူနိုင်ငံ ရဲ့ လက်ရှိစီးပွားရေးလုပ်ငန်းပတ်ဝန်း ကျင်နဲ့လုပ်သားရှားပါးတဲ့အခြေအနေကို ဂရုတစိုက်လေ့လာနေတယ်လို့ပြောပါ တယ်။ "လာမဲ့စီးပွားရေးအခြေအနေပုံ ပေါ်လာမှာကိုစောင့်ကြည့်ပြီးလုပ်ငန်း တိုးချဲ့လိုက်လို့ ဝန်ပို ဖြစ်လာဖို့ရှိမရှိ လေ့လာနေတဲ့အတွက်လောလောဆယ် မှာသူတို့လုပ်ငန်းတွေတိုးချဲ့ဖို့ မလုပ်ကြ သေးဘူး လို့ပြောသံတွေကြားနေတယ်'' လို့ SME ရဲ့ဥက္ကဌ  Mr. Chan Chong Beng   ကပြောပါတယ်။ "နာက်တစ်ခုသူတို့ရွေးချယ် တာ ကတော့ကုန်ကျစရိတ်သက်သာတဲ့နိုင်ငံ ကိုပြောင်းကြဖို့ပဲ။ မလေးရှားကိုပြောင်း လုပ်နေတဲ့ကုမ္ပဏီတွေလည်းရှိတယ်။ သူတို့လုပ်ငန်းတွေဆက်လက်ရှင်သန် ဖို့လုပ်နေရတာဆိုတော့ဒီလမ်းကြောင်း အတိုင်းဆက်ဖြစ်နေဦးမယ်လို့ ခန့်မှန်း ရပါတယ်။ လုပ်ငန်းတွေတခြားပြောင်း သွားတာကိုရှောင်ကြဉ်ဖို့အတွက်နိုင်ငံ ခြားလုပ်သားလျှော့ချတဲ့နှုန်းကို သတိ ထားဆောင်ရွက်ဖို့လိုကြောင်းခေတ္တလူ အင်အားဝန်ကြီးတန်ချွမ်ဂျင်က ပြောပါ တယ်။ ဒီလိုဖြစ်လာရင် စင်ကာပူသား တွေရဲ့ အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက် လာလိမ့်မယ်လို့ဆိုပါတယ်။ ကုမ္ပဏီတွေလောလောဆယ်ရင် ဆိုင်နေရတဲ့အလုပ်သမားပြဿနာက ကျွမ်းကျင်လုပ်သားရှားပါးတာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ မကြာမီက ကောက်ယူခဲ့တဲ့စာရင်းတွေအရ s.pass အမျိုးအစားနိုင်ငံခြားကျွမ်းကျင်လုပ် သားဦးရေက ၁၂ ရာခိုင်နှုန်းမြင့်တက် ပါတယ်။ ၂၀၁၁ ခုနှစ်က ၁၁၃၉၀၀ သာ ရှိခဲ့တဲ့ s.pass ကိုင်ဆောင်သူ ယခုနှစ် ဇွန်အထိ ၁၂၈၀၀၀ ရှိပါတယ်။ ဒီလုပ် သားတွေကတစ်လကို စင်ကာပူဒေါ် လာ ၂၀၀၀ လောက်အနည်းဆုံးရနေ သူတွေဖြစ်ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်မှာ  Employment Pass (EP)  ကိုင်ဆောင် ထားသူဦးရေက သုည ဒသမ ၄ ရာခိုင် နှုန်းကျဆင်းခဲ့ပါတယ်။ ဒီလိုကျဆင်းရ တာကအနိမ့်ဆုံးလစာလိုအပ်ချက်မြှင့် ထားတာလည်းပါဝင်ပါတယ်။ s.pass  တွေများလာတာကအဆင့်နိမ့်ဂျူနီယာ တွေကို ကုမ္ပဏီတွေက ပိုမို အသုံးပြု လာလို့လည်း ဖြစ်နိုင်ပါတယ်။ s.pass ကိုင်ဆောင်ထားသူ တွေ ကိုသေသေချာချာစိစစ်နေကြောင်းလူ အင်အားဝန်ကြီးဌာနကပြောပါတယ်။ နိုင်ငံခြားသားတွေထဲက S.pass  အုပ် စုကိုထပ်မံတင်းကျပ်ပေး ဖို့လိုဦးမယ်လို့ အစိုးရပါလီမန်ကော်မတီဥက္ကဌကပြော ပါတယ်။          Source:CNA